တစ်နှစ်လျှင်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီပေါင်း ၃၈၆ သန်းထုတ်လုပ်နိုင်မည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်

 

နေပြည်တော်   နိုဝင်ဘာ  ၁၅

ရခိုင်ပြည်နယ်  သံတွဲခရိုင် သံတွဲမြို့၏ အရှေ့ မြောက်ဘက်  ၁၂ မိုင်ခန့်အကွာ သူဌေးချောင်းပေါ် တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီး ဌာန  အမှတ်(၄) တည်ဆောက်ရေးမှ   အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအား လျှပ်စစ်စီမံကိန်းသည်  ယခုအခါ  စီမံကိန်းလုပ်ငန်း တစ်ခုလုံး၏  ၇၈   ရာခိုင်နှုန်းကျော်   ပြီးစီးနေပြီဖြစ် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။


“သူဌေးရေအားလျှပ်စစ်စီမံကိန်း  ပြီးစီးမှုအခြေ အနေကတော့ ရေယူအဆောက်အအုံဆိုရင် ၂၀၂၃ ခုနှစ်  ဩဂုတ် ၂၃ ရက်က ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ် ပါတယ်။ ပင်မတမံလုပ်ငန်းအနေနဲ့ ၇၉ ဒသမ ၁၉ ရာခိုင်နှုန်း၊ ရေပိုလွှဲလုပ်ငန်းအနေနဲ့ ၇၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်လုပ်ငန်းအနေနဲ့ ၉၆ ဒသမ ၇၉ ရာခိုင်နှုန်း၊ ရေထိန်းတံခါးပြွန်လုပ်ငန်း အနေနဲ့ ၉၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ် အထွက်မြောင်းလုပ်ငန်းအနေနဲ့   ၉၈   ဒသမ   ၀၀ ရာခိုင်နှုန်း၊   ဓာတ်အားပေးစက်ရုံလုပ်ငန်းအနေနဲ့    ၇၇  ဒသမ   ၂၀  ရာခိုင်နှုန်း    ပြီးစီးနေပြီဖြစ်ပါတယ်။ 


ယခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ပထမပတ်ကုန်အထိဆိုရင် စီမံကိန်းလုပ်ငန်း တစ်ခုလုံးရဲ့ ၇၈ ဒသမ ၉၂ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါတယ်။    ၂၀၂၅-၂၀၂၆   ဘဏ္ဍာနှစ်မှာ စီမံကိန်းရာခိုင်နှုန်းပြည့်  ပြီးစီးပြီးတော့    လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ဖို့   ကျွန်တာ်တို့ ဌာနအနေနဲ့ ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အား နဲ့ ကြိုးပမ်းဖော်ဆောင်လျက်ရှိပါတယ်”  ဟု   လျှပ်စစ် စွမ်းအားဝန်ကြီးဌာန    ရေအားလျှပ်စစ်   အကောင် အထည်ဖော်ရေးဦးစီးဌာနမှ    တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


အဆိုပါ    သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် ရေလှောင်တမံ တည်ဆောက်ပြီး စက်တပ်ဆင်အင်အား  ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက် သုံးလုံးဖြင့်  စုစုပေါင်း  စက်တပ် ဆင်အင်အား  ၁၁၁ မဂ္ဂါဝပ်ရှိ   ဓာတ်အားပေးစက်ရုံ တည်ဆောက်၍  တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း  ၃၈၆  သန်းထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း     ဒေသများသို့     လျှပ်စစ် ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့်  နိုင်ငံတော် ဓာတ်အားစနစ်သို့  ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေး နိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။


ရခိုင်ရိုးမပေါ်မှ  အစပြုပြီး  ပင်လယ်ဝအထိ မိုင် ၇၀ ခန့်ရှည်လျားစွာ  စီးဆင်းနေသော သူဌေးချောင်း ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက် နိုင်ရန်အတွက် ၂၀၀၃-၂၀၀၄ ခုနှစ်ခန့်က  ဂျပန်နိုင်ငံ အခြေစိုက် The Kansai  အတိုင်ပင်ခံ အင်ဂျင်နီယာ အဖွဲ့နှင့် ရေအားလျှပ်စစ်   အကောင်အထည်ဖော် ရေး ဦးစီးဌာနမှ  အင်ဂျင်နီယာများနှင့်ပူးပေါင်းကာ  ကနဦး စူးစမ်းလေ့လာမှုများ  ပြုလုပ်ခဲ့ကြခြင်း  ဖြစ် သည်။


ထိုသို့  လေ့လာမှုပြုလုပ်ပြီး  ဂျပန်နိုင်ငံအခြေစိုက် The Kansai အတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့နှင့် ဌာန မှ အင်ဂျင်နီယာများသည်  အသေးစိတ်ဒီဇိုင်းပုံစံများ ရေးဆွဲခဲ့ကြကာ  အကြိုတည်ဆောက်မှုလုပ်ငန်းများ ကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှ  စတင်ဆောင်ရွက်ခဲ့ကြ ကြောင်း ရေအားလျှပ်စစ်   အကောင်အထည်ဖော် ရေးဦးစီးဌာနမှ သိရသည်။


သူဌေးချောင်းပေါ်တွင်  တမံတည်ဆောက်ခြင်း၊ ဝဲဘက်ကမ်း၊   ယာဘက်ကမ်းအသီးသီးတွင်   ရေယူ အဆောက်အအုံ၊    ရေပိုလွှဲနှင့်   ဓာတ်အားပေးစက်ရုံ စသည့် စီမံကိန်းလုပ်ငန်းများကို နှစ်အလိုက် လုပ်ငန်း လျာထားချက်နှင့်အညီပြီးစီးရန်     ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ   ဝန်ထမ်းများ က    နှစ်စဉ်   ပွင့်လင်းရာသီ  ခြောက်လခန့်အတွင်း အားစိုက်ဆောင်ရွက်ကြရကြောင်း သိရှိရသည်။


သူဌေးချောင်း၏ မြစ်ပို့ချလွှာသည် ပေ ၁၅၀ ခန့် အထိ   ထူထဲရာ  အောက်ခံကျောက်သားအမာအထိ ဖယ်ရှား၍    တမံတည်ဆောက်ပါက   ငွေကြေးနှင့် အချိန်များစွာ ကုန်ဆုံးနိုင်သည့််အတွက် ရေတားတမံ ၏အောက်တွင် ခေတ်မီနည်းပညာဖြင့်  စိမ့်ရေတား နံရံကို ပလတ်စတစ်ကွန်ကရစ်ဖြင့်  အနက် ၁၅၃ ပေ အထိ တည်ဆောက်ခဲ့ရကြောင်း သိရသည်။


စီမံကိန်းအကောင်အထည်ဖော် တည်ဆောက်ရာ တွင်    ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့်    ရေအား အဆောက်အအုံများ  တည်ဆောက်ခြင်းလုပ်ငန်းဟူ၍ လုပ်ငန်းအပိုင်းနှစ်ပိုင်းရှိပြီး   စီမံကိန်းချဉ်းကပ်လမ်း ဖောက်လုပ်ခြင်း၊  စီမံကိန်းစခန်း တည်ဆောက်ခြင်း၊ ရေ၊ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စူးစမ်း လေ့လာတိုင်းတာခြင်းများသည် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများတွင်   ပါဝင်ကြောင်း၊   စိမ့်ရေတားနံရံ၊ ရေလွှဲဥမင်လိုဏ်၊  ရေယူအဆောက်အအုံ၊  ပင်မတမံ၊ ရေပိုလွှဲ၊ အကူရေပိုလွှဲ၊  ရေထိန်းတံခါးပြွန်၊ ဖိအားမြှင့် သံမဏိပိုက်လိုင်း၊    ဆွစ်ယာ့ဒ်နှင့်    ဓာတ်အားပေး စက်ရုံ  စသည်တို့သည်   ရေအားအဆောက်အအုံ များ   တည်ဆောက်ခြင်းလုပ်ငန်းတွင်  ပါဝင်ကြောင်း   သိရသည်။


ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီး ဌာနအနေဖြင့် စီမံကိန်းအကောင်အထည်ဖော် တည် ဆောက်ရာတွင် ရေဝပ်ဧရိယာအတွင်း    ကျရောက် သော ကျေးရွာများအတွက်   လူမှုစီးပွားဘဝ  အခြေ အနေများ   မူလထက်   ပိုမိုသာလွန်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း     သိရသည်။    ထိုသို့ ဆောင်ရွက်ရာတွင်  ရေဝပ်ဧရိယာအတွင်း ကျရောက် သည့် ပုရစ်၊ မယ်ဝနှင့်  ရေကောက်ကျေးရွာသုံးရွာမှ စုစုပေါင်းအိမ်ထောင်စု ၅၀၀ ခန့်ကို  ၎င်းတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ရွေးချယ်ထားသည့်     နေရာသစ်သို့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ထို့အတူ ဘာသာရေးအဆောက်အအုံနှင့်လူမှုရေး အဆောက်အအုံများကိုလည်း  ရခိုင်ရိုးရာဒေသဓလေ့၊ ဘာသာရေးထုံးတမ်း၊   စံပြကျေးရွာ   အင်္ဂါရပ်များ ပြည့်စုံစွာဖြင့် ကျေးရွာသူ ကျေးရွာသားများ၏ ဆန္ဒ နှင့်အညီ     ဆောက်လုပ်ပေးခဲ့ကြောင်း၊  အလားတူပင်  ဘုန်းတော်ကြီးကျောင်း၊  စေတီ၊  သိမ်၊ စာသင်ကျောင်း၊ ဒေသန္တရဆေးပေးခန်း၊ လူထုတွေ့ဆုံခန်းမ၊    ကျေးရွာ စာကြည့်တိုက်၊   အုပ်ချုပ်ရေးမှူးရုံး စသည်တို့ကို    မူလအခြေအနေထက်   ပိုမိုသာလွန် ကောင်းမွန်အောင်  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး  ဦးစီး ဌာနသည် ရေအားမှ လျှပ်စစ်ဓာတ်အား  ထုတ်ယူနိုင် ရေးအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း၊ စီမံကိန်း အသစ်များ    စူးစမ်းလေ့လာခြင်း၊   အသေးစိတ် တိုင်းတာမှု စိစစ်တင်ပြခြင်း၊ စီမံကိန်းအကောင်အထည် ဖော်   တည်ဆောက်ခြင်းတို့ကို    အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်ဆဲ စီမံကိန်းများ အနက် သူဌေးချောင်း  ရေအားလျှပ်စစ်စီမံကိန်းသည် အစောဆုံး  တည်ဆောက်ပြီးစီးမည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။


သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း   ပြီးစီး ပါက ဓာတ်အားပေးစက်ရုံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၈၆ ကီလိုဝပ်နာရီသန်းကို  မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ပြီး  နိုင်ငံအတွင်းရှိ  လူဦးရေတစ်သန်းခန့် ကို   လျှပ်စစ်ဓာတ်အား    တိုးတက်သုံးစွဲစေနိုင်ကာ ပြည်သူများသုံးစွဲရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ကို   အထောက်အကူပြု   ဖြည့်တင်းပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။  


မောင်မွှေး၊ ဓာတ်ပုံ - လျှပ်စစ်