
ရန်ကုန် မတ် ၃၁
နွေရာသီအခြေခံရိုးရာခြင်းလုံးသင်တန်းဆင်းပွဲကို လမ်းမတော်မြို့နယ် အ.လ.က(၁)၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်တို့က အမှာစကားများ ပြောကြားကြကာ နည်းပြချုပ် ဦးခင်မောင်ဝင်းက သင်တန်းဖွင့်လှစ်မှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ်အလိုက် သင်တန်းဆင်းလက်မှတ်များကို ရန်ကုန် တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူများကအသီးသီး ချီးမြှင့်ခဲ့ ကြပြီး သင်တန်းသားများက ရိုးရာခြင်းလုံးစွမ်းရည်များကို ပြသခဲ့ ကြသည်။
ယင်းသင်တန်းကို မတ် ၁ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ မရမ်းကုန်း၊ ကမာရွတ်မြို့နယ်တို့မှ သင်တန်းသား သင်တန်းသူ ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း၊ နွေရာသီအခြေခံရိုးရာခြင်းလုံးသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမက မြစ်ကြီးနား၊ တောင်ကြီး၊ တောင်ငူ၊ မန္တလေး၊ မြစ်သား၊ ပြည် အစရှိသည့် မြို့နယ်များတွင်လည်း ဖွင့်လှစ်ခဲ့ကြောင်း၊ လာမည့် ဇွန်လတွင် ပညာရေးဒီဂရီကောလိပ်များ၌ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ သိရသည်။
အားကာမောင်