နေပြည်တော် ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ ဦးစီးဌာန တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးက ရေမြေအခြေအနေ ပေးသည့်ဒေသများကို အခြေပြု၍ သီးနှံအလိုက် ပန်းတိုင်အထွက် ရရှိသည့် တောင်သူဦးရေ တိုးပွား လာစေရေး နှင့် ပန်းတိုင်အထွက် နှုန်းရရှိသည့် ဧရိယာတိုးတက် လာစေရေး ပံ့ပိုးကူညီဆောင်ရွက် ပေးပြီး ဒေသ၏ စိုက်ပျိုးထုတ်လုပ် မှုမြင့်မားလာစေရေး ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ဝါသီးနှံစိုက်ပျိုးမှု မြှင့်တင်နိုင်ရေးအတွက် တောင်သူ လယ်သမားများနှင့် ပတ်သက် သည့် လူမှုစီးပွားရေးနှင့် သီးနှံ ဆိုင်ရာ စစ်တမ်းကောက်ယူခြင်း သုတေသနပြုခြင်း လုပ်ငန်းများ ကို လူငယ်စိုက်ပျိုးရေးပညာရှင် များအပါအဝင် သက်ဆိုင်ရာ ဌာန များ စုပေါင်းဆောင်ရွက်ကြစေ လိုကြောင်း။
အလားတူ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် တောင်သူအကြိုက် အခြားဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုကို မထိခိုက်စေဘဲ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုတွင် ဆီထွက်ရှိမှု ပမာဏအများဆုံး သီးနှံဖြစ်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို စနစ် တကျ စီမံဆောင်ရွက်ကြရမည်ဖြစ် သည့်အပြင် ဆီထွက်ပဲပုပ်သီးနှံ ကိုလည်း စမ်းသပ်စိုက်ပျိုးကြ ရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများ က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများ အလိုက် တင်ပြကြရာ ဒုတိယ ဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ် ချက်များ ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် မကွေးမြို့ အောင်မေတ္တာ ရပ်ကွက်ရှိ ရွှေပြည်သာဆီစက်၏ ဆီကြမ်းနှင့် စားသုံးဆီသန့် ထုတ်လုပ်နေမှု၊ ပဲပုပ်ဆီထုတ်လုပ် ရန် ပြင်ဆင်ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုအားပေးပြီး (ဝဲပုံ)ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှုနှင့် ဈေးကွက် အခြေအနေများကို မေးမြန်းဆွေးနွေးကာ ဆီစက်၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု စွမ်းအား မြှင့်တင်နိုင်ရေးအတွက် အခြား ဆီထွက်သီးနှံများ ကြိတ်ခွဲ ထုတ်လုပ်နိုင်ရေး အားပေး ပြောကြားသည်။
အလားတူ မကွေးမြို့ သစ်ပွဲ ကြိုရပ်ကွက်ရှိ ပုဂ္ဂလိကတမာ ပိုးသတ်ဆေးစက်ရုံကို ကြည့်ရှု အားပေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။ သတင်းစဉ်