
ရန်ကုန် ဧပြီ ၂၅
မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် စက်မှုကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု သာမက ဆန်စပါးစိုက်ပျိုးမှုတွင် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ စိုက်ပျိုး အောင်မြင်လျက်ရှိရာ တိုက်ကြီးမြို့နယ်အတွင်း စပါး စိုက်တောင်သူများ အထူး အားထားသည့် နွေစပါးကို ဆည် ရေသောက်စနစ်ဖြင့် စိုက်ပျိုးနိုင် ခဲ့ရာ နွေစပါး လျာထားချက် ၂၈၈၆၄ ဧကထက် ၂၉၁၇၄ ဧက အထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် ကုန်းပေါ်စုရွာအနီးတွင်ရှိသည့် တဘူးလှ ရေလှောင်တမံ ပင်မရေမြောင်း ကြီး နှစ်ခုမှ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီ မြို့နယ်အစပ်ရှိ နွေစပါးစိုက်ခင်းများသို့ အောင်ရေပို့လွှတ်လျက်ရှိသည်။ စိုက်ခင်း အချို့၌ စက်ယန္တရားများဖြင့် ရိတ်သိမ်းမှု အချို့ရှိသည်။
ယခုနှစ်နွေစပါးကို တိုက်ကြီးမြို့နယ် ၌ ဧက ၅၀၀၀၀ ကျော် စိုက်ပျိုးရာ တဘူး လှဆည်မှ ပင်မရေမြောင်းကြီးနှစ်ခုဖြစ် သော ၂၃ ဒသမ ၆၃ မိုင် အရှည်ရှိသည့် လက်ဝဲမြောင်းနှင့် ၆၀ ဒသမ ၇၂ မိုင် အရှည်ရှိသည့် လက်ယာမြောင်းတို့မှ အောင်ရေကို ပို့လွှတ်ခဲ့ရာ ယခုနှစ်တွင် လျာထားသော နွေစပါးစိုက်ဧက ၂၈၈၆၄ ထက် ၂၉၁၇၄ ဧကအထိ တိုးချဲ့စိုက်ပျိုး နိုင်ခဲ့ပြီး စိုက်ဧက ၅၀၀၀၀ တွင် ကျန်ရှိ သော နွေစပါးဧက ၂၀၀၀၀ ကျော်မှာလည်း လက်သွယ်မြောင်းနှင့် လယ်ကြားမြောင်း တို့ကို အသုံးပြုနိုင်ခဲ့ခြင်းဖြင့် ဆည် ရေသောက် နွေစပါးစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းခဲ့ခြင်းဖြစ်သည်။
“တောင်သူတွေရဲ့ နွေစပါးအောင်မြင် အောင် ကျွန်တော်တို့တစ်တွေ ဝီရိယထား ပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ နွေစပါး အတွက် ဆည်ရေကို စနစ်တကျသိုလှောင် ခဲ့တယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ရေရှားပါးတဲ့ အခက်အခဲ အချိန်မရွေး ပေါ်ပေါက်နိုင်တဲ့အတွက် ရေကို ဝီရိယ ထားပြီး ပိုသိုလှောင်ထားနိုင်ခဲ့တယ်။ ရေပို့လွှတ်တဲ့အခါမှာလည်း အလေအလွင့် မရှိအောင် မြောင်းမကြီးကနေ လယ်ကြား မြောင်းအထိ ရေလေလွင့်မှု အနည်းဆုံး ဖြစ်အောင် စီမံဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ပိုပြီးအားရစရာကောင်းတာက တောင်သူ တွေ ရေထိန်းသိမ်းမှုမှာ ပါဝင်မှု ပိုအားကောင်းလာတာပါ။ ဒါကြောင့် နွေစပါးမှာ စိုက်ဧကတွေတိုးပြီး ရေပေးဝေနိုင်တဲ့အခြေအနေရရှိခဲ့တာပါ။ တဘူး လှဆည်ကနေ ဒီနှစ်မှာ မနှစ်ကထက် နွေစပါးဧက ၃၀၀၀ အတွက် ပိုပြီးပို့လွှတ် နိုင်ခဲ့တဲ့အပြင် လျာထားချက်ထက်ပိုပြီး စိုက်ပျိုးမှုအပေါ် ရေလုံလုံလောက်လောက် ပေးဝေနိုင်ခဲ့တာဟာ တောင်သူတွေ ရေအလေအလွင့်မရှိအောင် ထိန်းသိမ်း နိုင်ခဲ့တာလည်း ပါပါတယ်။ တောင်သူတွေ နွေစပါးထွက်နှုန်းကောင်းပြီး လက်တွေ့ အကျိုးရှိတာကိုမြင်ရတော့ ဝမ်းသာပီတိ လည်း ဖြစ်ရပါတယ်။ စပါးဈေးကောင်း တဲ့အတွက် ဝင်ငွေမျိုးမျိုးမြတ်မြတ်ရရှိတဲ့ တောင်သူတွေအတွက် ဝမ်းသာကြည်နူး ဖြစ်ရပါတယ်။ ဌာနက ချမှတ်ထားတဲ့ ရည်မှန်းချက်အတိုင်း ဆက်လက်ဆောင် ရွက်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လွင်က ပြောသည်။
တဘူးလှဆည်မှ ဆည်ရေကို အသုံး ပြု၍ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့ နယ်အစပ်ရှိ နွေစပါးစိုက်ခင်းများကို အောင်ရေရရှိသည်အထိ ပို့လွှတ်နိုင်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်မှစ၍ နွေစပါးခင်းများ အတွက် ဆည်ရေပို့လွှတ်ခဲ့ရာ ဧပြီလကုန် တွင် ပို့လွှတ်မှုရပ်နား၍ ဆည်ရေသိုလှောင် မှုကို စတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ် မတ်လနှင့် ဧပြီလ တို့တွင် အပူရှိန်ပြင်းထန်သည့်အတွက် နွေစပါးစိုက်ခင်းများ ဆည်ရေရရှိမှုနှင့် သဘာဝဘေးအန္တရာယ်တို့ကို စိုးရိမ်ခဲ့ကြ ရာ တောင်သူများ စတင်စိုက်ပျိုးချိန်မှ နွေစပါး ပိတ်သိမ်းချိန်အထိ အောင်ရေ ရရှိကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး