
တာမွေ မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်း ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ကူးစက်ဖြစ်ပွားမှု မြင့်မားလာခြင်းမရှိ စေရေးအတွက် မြို့နယ်အတွင်းရှိ အသက်သုံးနှစ်မှ ခုနစ်နှစ်အထိ ကလေးငယ်များအား ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT) အမီလိုက် (catch-up) ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန) ရုံးဝင်းအတွင်း၌ မေ ၂၀ ရက်က ကွင်းဆင်းထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
တာမွေမြို့နယ်တွင် ဆုံဆို့မေးခိုင်ကာကွယ်ဆေးကို တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ အသက် သုံးနှစ်မှ ခုနစ်နှစ်အထိ ကလေးငယ် ၈၄ ဦးအား ကာကွယ်ဆေး ထိုးနှံ ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)