
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၃၅ မိနစ်တွင် တာမွေမြို့နယ် တာမွေကြီး (က+ဂ) ရပ်ကွက်၊ (၁၅၇)လမ်း၊ အမှတ်(၁၅)၊ ၄ လွှာရှိ ခင်မောင်စိုး(ခ) အာဂျူ မူလ္လာ၏နေအိမ်သို့ ဝင် ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁၀၀၀ ကိုလည်းကောင်း ၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံ မြို့နယ် မိုင်းဇင်းကျေးရွာ အုပ်စု၊ ဝမ်ကောင်းကျေးရွာ အနီးတွင် အားဖူမောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကိုလည်း ကောင်း ဖမ်းဆီးရမိသည်။
ထို့ပြင် ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီ လိတ်မြို့နယ် တာလေမြို့ နားယောင်း ကျေးရွာအုပ်စု ပါခါးလုံကျေးရွာရှိ အိုက်လုံ ၏ နေအိမ်သို့ ဝင်ရောက်ရှာ ဖွေ ရာ ၎င်းအားမတွေ့ရှိဘဲ ခြံစောင့် ရှာမွေလှနှင့် အိုက်လုံခမ်း (ခ) လီဖာတို့ နှစ်ဦးကို တွေ့ရှိပြီး စိတ်ကြွ ရူးသွပ်ဆေး အကြေမှုန့် ၁၄ ကီလို၊ ကဖင်း ၂ ဒသမ ၅ ကီလို၊ ဆေးပြားရိုက်စက် တစ်လုံးနှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိသဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား သည်။
ရဲပြန်ကြား