
နေပြည်တော် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၃၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများနှင့် လက်နက်ခဲယမ်း များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ပါဆပ်ရပ်ကွက် လွန်းကျိုင်းကျေးရွာ အမှတ် (၁/ ၃၆၉)နေ စိုင်းလုံ(၄၁)နှစ်၏ နေအိမ်ကို သတင်းအရရှာဖွေရာ ၎င်းနှင့်အတူ စိုင်းရီ(၂၇)နှစ်အား တွေ့ရှိပြီး နေအိမ်အတွင်းမှ ဒေသ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၆၅ တုံး (အလေးချိန် ၉၂ ဒသမ ၇၅ ကီလို)၊ ဘိန်းဖြူမှုန့် အလေးချိန် သုည ဒသမ ၃ ကီလို စုစုပေါင်းဘိန်းဖြူ အလေးချိန် ၉၃ ဒသမ ၀၅ ကီလို၊ ဘိန်း ၄ ဒသမ ၉ ကီလို၊ M-16 သေနတ် နှစ်လက်၊ ပစ္စတိုသေနတ် သုံးလက်၊ လက်ပစ်ဗုံး ခုနစ်လုံး၊ ခြောက်လုံးပြူးလေသေနတ် တစ် လက်၊ ပစ္စတို လေသေနတ် တစ် လက်၊ ကျည်မျိုးစုံ ၃၃၇၆ တောင့် နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ မော်တော်ယာဉ် သုံးစီးတို့ကို သိမ်း ဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူ များကို ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်