
တာချီလိတ် ဇူလိုင် ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု တိုးမြင့်လာပြီး အရေးပေါ်နေရာ လိုအပ်လာပါက လူနာတစ်ထောင် ခန့်စာအတွက် နေရာစီစဉ်ပေးနိုင်ရေး ကိုဗစ်စင်တာ ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ကိုဗစ်စင်တာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု များကို စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင် တို့၏ ကြီးကြပ် မှုဖြင့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ Quarantine Center ပြင်ဆင်ရာတွင် လူနာတစ်ဦးအတွက် ခုတင်၊ အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်နှင့် ခြင်ထောင် ကုန်ကျစရိတ် တစ်ဦး လျှင် ထိုင်းဘတ်ငွေ သုံးထောင်ကျော်ရှိပြီး အဆိုပါ ကုန်ကျငွေများကို မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင် များက အဓိကလှူဒါန်းပေးခြင်း ဖြစ်သည့်အပြင် ကိုဗစ်စင်တာတွင် ပါဝင်ကူညီ လုပ်အားပေးနေကြ သည့် Volunteer များ၏ နေ့စဉ်စားသောက်စရိတ် များကိုလည်း မြို့မိမြို့ဖများက ကျခံလှူဒါန်းပေးလျက် ရှိသည်။
ထို့အတူ တာချီလိတ်ခရိုင် အားကစားရုံတွင် ကိုဗစ်-၁၉ ရောဂါ လူနာတစ်ရာကျော်အတွက် ပြင်ဆင်ထားပြီးဖြစ်ကာ ဆက်လက်၍ လူဦးရေ တစ်ထောင်ခန့်အတွက် ဝမ်လုံးရပ်ကွက်တွင် ပြင်ဆင် နေခြင်းဖြစ်သည်။ ယင်းပြင်ဆင်နေမှုများကို တာဝန်ရှိ သူများနှင့် မြို့မိမြို့ဖများက ယမန်နေ့တွင် သွား ရောက် ကြည့်ရှုပြီး လိုအပ်ချက်များကို ဖြည်းဆည်း နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့နောက် တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများသည် ယမန်နေ့ နံနက်ပိုင်းတွင် ကိုဗစ်လူနာများထားရှိရာ တာချီလိတ် မြို့ရှိ မိုးကုတ် Quarantine Center သို့ သွားရောက်၍ ကျန်းမာရေးစစ်ဆေးနေမှုများအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ကိုဗစ်လူနာများကို အာဟာရဖြည့် စားသောက် ဖွယ်ရာများကို ထောက်ပံ့လှူဒါန်း ပေးခဲ့ကာ
မြို့အဝင် မယ်ယန်း ကိုဗစ်စစ်ဆေးရေး ဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့မိမြို့ဖအဖွဲ့ဝင် များက စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဝန်ထမ်း များ၊ Volunteer များအား စားသောက်ဖွယ်ရာများကို
ထောက်ပံ့ပေးသည်။
တာချီလိတ်မြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိသူ ၂၃ ဦးရှိရာ စုစု ပေါင်း ၂၄၇ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)