
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူ ဒေါ်စိုးစိုးထက် (ကန္တာရဝတီတိုင်း(မ်)ဂျာနယ်) သည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(၁)ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကိုသော်လည်းကောင်း၊ နိုင်ငံသားတိုင်း တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတို့ကို သော်လည်းကောင်း ထိခိုက်စေမည့် အကြောင်းအရာများကို လွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းအားထုတ်ပေးထားသည့် ထုတ်ဝေခြင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၉ ရက်မှ စတင်၍ ရုပ်သိမ်းလိုက်ကြောင်းနှင့် ၎င်းဂျာနယ်အနေဖြင့် မီဒီယာ အမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် အသိပေး ကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန