ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၄၀ ကျော်ထိုးနှံပြီးဖြစ်  

 

ဘန်ကောက်   စက်တင်ဘာ   ၁၃ 


ထိုင်းနိုင်ငံတွင်     ယနေ့အချိန်အထိ     ကိုဗစ်-၁၉     ကာကွယ်ဆေး သန်း ၄၀ ကျော် ထိုးနှံပြီးပြီဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်က ထုတ်ပြန် သော တရားဝင် ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။ 
သန်း  ၇၀  နီးပါးရှိသည့်  ထိုင်းနိုင်ငံလူဦးရေ၏ ၁၈   ရာခိုင်နှုန်းခန့်မှာ  ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပြီဖြစ်ကာ နိုင်ငံ့လူဦးရေ ၏ ၄၀   ရာခိုင်နှုန်းနီးပါးမှာ  ကိုဗစ်-၁၉  ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးပြီဖြစ်သည်။ 
ယခုနှစ်ကုန်တွင်   လူဦးရေ၏   ၇၀   ရာခိုင်နှုန်းကို    ကိုဗစ်-၁၉    ကာကွယ်ဆေး  လွှမ်းခြုံထိုးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်  စက်တင်ဘာ ၁၃  ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ    ၁၂၅၈၃ ဦး   ရှိလာပြီး ၁၃၂ ဦး ထပ်မံသေဆုံးကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာ (စီစီအက်စ်အေ) ၏ ဖော်ပြချက်အရ သိရသည်။ လွန်ခဲ့သော ၂၄ နာရီကျော်က ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်တွင်   ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ ၃၃၂၉ ဦးရှိကြောင်း မှတ်တမ်းတင် ဖော်ပြခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသည့် ပမာဏသည်  နိုင်ငံအတွင်းရှိ တခြားပြည်နယ်များထက် ပိုများသည်။ 
နိုင်ငံအတွင်းရှိ   စုစုပေါင်း  ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသည့်အရေ အတွက်သည်  ၁  ဒသမ  ၃၉  သန်းအထိ  ရောက်ရှိလာပြီဖြစ်သည်။  ထို့အတူ   သေဆုံးသူပေါင်းမှာလည်း   ၁၄၄၈၅   ဦးအထိ  ရောက်ရှိ လာသည်။                                                                    ဆင်ဟွာ