
ဘန်ကောက် ဇန်နဝါရီ ၂၀
ထိုင်းနိုင်ငံသည် လွန်ခဲ့သည့်လက ရပ်ဆိုင်းခဲ့သော ၎င်း၏ဆိုက်ရောက် ကွာရန်တင်းကာလကို လျှော့ပေါ့ ပေးရန်အစီအစဉ်ကို ပြန်လည်စတင်ရန် ဆုံးဖြတ်လိုက်သည်။
နိုင်ငံပေါင်းစုံမှ ကာကွယ်ဆေးအပြည့်ထိုးထား သည့် ခရီးသွားများသည် ဖေဖော်ဝါရီ ၁ ရက်တွင် ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ထိုင်းကိုဗစ်-၁၉ လုပ်ငန်းအဖွဲ့က ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာ လိုက်သည်။
၎င်းတို့သည် ဝင်ခွင့်မတိုင်မီစစ်ဆေးမှုအပြင် ပထမသီတင်းပတ်တွင် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေး ခြင်းနှစ်ခုကို လုပ်ရန်လိုအပ်သည်။
နှစ်သစ်ကူးအားလပ်ရက်ပြီးနောက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ရုတ်တရက်မြင့်တက်လာ သည်ကို တွေ့မြင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော သီတင်း နှစ်ပတ်ခန့်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ခြောက်ဦးမှ ၈၀၀၀ ကျော်အထိ ရုတ်တရက် မြင့်တက်လာခဲ့သည်။
သို့သော်လည်း အစိုးရပြောရေးဆိုခွင့်ရှိသူက ယခု လက်ရှိအခြေအနေသည် တည်ငြိမ်နေဆဲဖြစ်ကြောင်း နှင့် မကြာမီ ပြည်သူများ ပုံမှန်ဘဝဖြင့် ပြန်လည် နေထိုင်သွားရန် ကြိုးစားဆောင်ရွက်နေကြောင်း ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်မီက ထိုင်းနိုင်ငံသို့ တစ်နှစ်လျှင် လူဦးရေ သန်း ၄၀ နီးပါး လာရောက်ကြ သည်။ လွန်ခဲ့သောနှစ်က အဆိုပါကိန်းဂဏန်းသည် နှစ်သိန်းခန့် ကျဆင်းခဲ့သည်။
ထို့အတူ မလေးရှားအစိုးရသည် မိသားစုများ ပြန်လည်ဆုံစည်းနိုင်ရန် လာမည့် တရုတ်နှစ်သစ်ကူး ကာလအတွက် ကန့်သတ်ချက်များကို လျှော့ပေါ့ ပေးမည်ဖြစ်သည်။ သက်ဆိုင်ရာအာဏာပိုင်များက နှစ်သစ်ကူး၏ ပထမသီတင်းနှစ်ပတ်အတွင်း အိမ်တိုင်ရာရောက် သွားရောက်လည်ပတ်ခြင်းများ အတွက် ခရီးသွားကန့်သတ်ချက်မလိုဘဲ ခွင့်ပြုပေး မည်ဖြစ်သည်။
မလေးရှားနိုင်ငံတွင် ဇန်နဝါရီ ၁၉ ရက်က နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၂၀၀ ကျော် ရှိလာခဲ့ သည်။
အင်န်အိတ်ချ်ကေ