ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ဒစ်ဂျစ်တယ်ငွေပေးချေစနစ် စတင်တည်ထောင်

ဗန်ကောက်   ဩဂုတ်  ၁၉


ထိုင်းနိုင်ငံနှင့်    အင်ဒိုနီးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်    အီလက် ထရောနစ်    ကုန်သွယ်မှုလုပ်ငန်းများ        အောင်မြင်စေရန်အတွက်   ဒစ်ဂျစ်တယ် ငွေပေးချေစနစ်      (QR payment)ကို   စတင်တည်ထောင်လိုက်ကြောင်း   ထိုင်း နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ်များ က ယနေ့ ကြေညာလိုက်သည်။ 
ယခု   ပထမဆုံးစတင်လိုက်သော အဆိုပါ    ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် အရ   နှစ်နိုင်ငံစလုံးရှိ ကုန်သည်များနှင့် ကုန်ပစ္စည်းဝယ်ယူသုံးစွဲသူများအနေဖြင့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ငွေပေး ချေရာတွင် ၎င်းစနစ်ကိုသာ လက်ခံအသုံး ပြုသွားမည်ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ် ၏ ဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန် သည်။     ယခု    ဆောင်ရွက်ချက်သည် အာဆီယံနိုင်ငံအချင်းချင်း        ငွေကြေး ပေးဆောင်မှုဆိုင်ရာ    သမိုင်းတွင်သည့်ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပြီး ဒေသတွင်း နှစ်နိုင်ငံအကြား      ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း   ထိုင်းနိုင်ငံ   ဗဟိုဘဏ်က ပြောကြားသည်။  ယခု  ဆောင်ရွက်ချက် သည် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများအတွက်      ကနဦးအဆင့်    လုပ်ငန်း ဆောင်ရွက်ချက်သာဖြစ်ပြီး လာမည့်နှစ် တွင်   လုပ်ငန်းများကို   အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   သိရ သည်။ 


အဆိုပါ       ဒစ်ဂျစ်တယ်ငွေပေးချေ စနစ်အရ  ယခုဆောင်ရွက်မည့်  ကနဦး အဆင့်တွင်        အင်ဒိုနီးရှားနိုင်ငံမှ ကုန်ပစ္စည်းဝယ်ယူသူများအနေဖြင့် မိမိ တို့၏    မိုဘိုင်းဖုန်းမှတစ်ဆင့်  ဒီဂျစ်တယ် ငွေပေးချေမှုဆိုင်ရာ ကုဒ်နံပါတ်ကိုရယူပြီး ထိုင်းနိုင်ငံမှ ကုန်သည်များထံသို့ ငွေပေး ချေမှုကို ဆောင်ရွက်နိုင်ပြီး အပြန်အလှန် အနေဖြင့် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းဝယ်ယူ သူများအနေဖြင့်လည်း မိမိတို့၏ မိုဘိုင်း ဖုန်းမှတစ်ဆင့်  ဒစ်ဂျစ်တယ်ငွေပေးချေမှု ဆိုင်ရာကုဒ်နံပါတ်ကိုရယူပြီး အင်ဒိုနီးရှား နိုင်ငံမှ ကုန်သည်များထံသို့ ငွေပေးချေနိုင် ကြောင်း သိရသည်။ 


အဆိုပါ    ဒစ်ဂျစ်တယ်ငွေပေးချေ စနစ်ကို  ၂၀၂၂ ခုနှစ် ပထမလေးလတွင် ရာနှုန်းပြည့်    အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ ယခုနှစ် ဇွန်လအတွင်းက မလေးရှား နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ဗဟိုဘဏ်များ သည်    နှစ်နိုင်ငံ   နယ်စပ်ဖြတ်ကျော်  အီလက်ထရောနစ် ကုန်သွယ်မှုလုပ်ငန်းများ အောင်မြင်စေရန်အတွက်      ဒစ်ဂျစ်တယ် ငွေပေးချေစနစ်   (QR payment)   ကို   အကောင်အထည်ဖော်         ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ