
ဘန်ကောက် ဒီဇင်ဘာ ၆
ထိုင်းနိုင်ငံ၌ အိုမီခရွန် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် ပထမဆုံးကူးစက်ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိခဲ့ သည်ဟု ဒီဇင်ဘာ ၆ ရက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
စပိန်မှ ပြန်လည်ရောက်ရှိလာ သော အမေရိကန်ခရီးသွားကို စစ်ဆေး ရာမှ ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အသက် ၃၅ နှစ်ရှိ အမေရိကန် ခရီးသွားသည် ဒူဘိုင်းမှတစ်ဆင့် လေယာဉ်ကူးပြောင်းစီးခဲ့ပြီး စပိန်မှ ပြန်လာသူဖြစ်ကြောင်းနှင့် စစ်ဆေးမှု များအရ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် သစ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါခရီးသွားသည် လက်ရှိတွင် ဘန်ကောက်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
ဒီဇင်ဘာ ၆ ရက်က ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၄၀၀၀ တွေ့ရှိခဲ့ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း နောက်ထပ် ၂၂ ဦး ထပ်မံ သေဆုံးခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူပေါင်း ၂ ဒသမ ၁၄ သန်းကျော်ရှိ လာပြီး သေဆုံးသူပေါင်းမှာလည်း ၂၀၉၆၆ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဖော်ပြထားသည်။ ဆင်ဟွာ