ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၇၅ ဦး ရှိလာမှုနှင့်အတူ တင်းကျပ်သော ကန့်သတ်ချက်များ ချမှတ်

 

ဘန်ကောက်   ဇူလိုင်   ၈ 


ထိုင်းနိုင်ငံ၌  ဇူလိုင်   ၈ ရက်က ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံး သူ ၇၅ ဦး ရှိလာကြောင်း ဖော်ပြမှု နှင့်အတူ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၄၆၂ ဦး ရှိလာ ပြီဖြစ်ကြောင်းနှင့်    ကိုဗစ်-၁၉ လျင်မြန်စွာ   ကူးစက်ဖြစ်ပွားမှုကို တားဆီးကာကွယ်ရန်  တင်းကျပ် သော       ကန့်သတ်ချက်များ ချမှတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံ တကာသတင်းတစ်ရပ်တွင် ဇူလိုင်  ၈ ရက်က ဖော်ပြလိုက်သည်။ 


ကိုဗစ်-၁၉      လုပ်ငန်းအဖွဲ့ ဖြစ်သည့်   ကိုဗစ်-၁၉   စီမံခန့်ခွဲ ရေးစင်တာက   ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ   ၇ဝ၅၈  ဦး ရှိကြောင်း  ဖော်ပြခဲ့ပြီး   နေ့စဉ် ကိုဗစ်-၁၉     ကူးစက်ဖြစ်ပွားမှု တွင်     ဒုတိယကူးစက်ဖြစ်ပွားမှု အများဆုံးအဖြစ် ဖော်ပြခဲ့သည်။ နိုင်ငံအတွင်း  ကိုဗစ်-၁၉   ကူးစက် ဖြစ်ပွားသူပေါင်း   ယခုအခါတွင် ၃ဝ၈၂၃ဝ    အထိ     ရှိလာပြီဖြစ် သည်။ 

 


ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှု ဆိုင်ရာ  အဆိုးဆုံးအခြေအနေကို ထိန်းချုပ်ရန်    တင်းကျပ်သည့် ကိုဗစ်-၁၉     တားဆီးကာကွယ် ရေးဆိုင်ရာ ဆောင်ရွက်ချက်များ ကို အတည်ပြုခဲ့သည်။ 


ပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ကီယာ တီဖန်ဝန်ဂရာချစ်က     မြို့တော် ဘန်ကောက်မှ   အနီးဝန်းကျင် ပြည်နယ်ငါးခုသို့         ဟိုဟိုဒီဒီ ကူးချည်သန်းချည် ခရီးသွားလာမှု များကို ၁၄ ရက်ကြာ   ကန့်သတ် ကြောင်းအပါအဝင်  ကန့်သတ် ချက်အသစ်များကို  ချမှတ်သွား မည်ဖြစ်ကြောင်း သီးသန့်သတင်း စာရှင်းလင်းပွဲတွင်  ပြောကြားခဲ့ သည်။ 


ထိုင်းနိုင်ငံတွင်   ကူးစက်မြန် ပြင်းထန်ဒယ်လ်တာ   ကိုဗစ်-၁၉ မျိုးစိတ်သစ်   ကူးစက်ပျံ့နှံ့လျက် ရှိသောကြောင့် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁ဝဝဝဝ အထိ ရောက်ရှိလာမည်ဟု    ကြိုတင် ခန့်မှန်းထားသည်။ 


ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွား ရာ    ဗဟိုချက်နေရာဖြစ်သည့် မြို့တော်ဘန်ကောက်တွင် ဒယ်လ် တာ  ကိုဗစ်-၁၉    မျိုးစိတ်သစ် လွှမ်းမိုးဖြစ်ပွားလျက်ရှိပြီး ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၂ ရာခိုင် နှုန်းမှာ     ဒယ်လ်တာကိုဗစ်-၁၉ ကြောင့်ဖြစ်သည်။ 


ထိုင်းနိုင်ငံသည်  ကိုဗစ်-၁၉ ကာကွယ်ဆေးများကို     ပိုမိုရရှိ ရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ကာကွယ်      ဆေးထိုးခြင်းများကို လည်း  အရှိန်မြင့်တင်လုပ်ဆောင် လျက်ရှိသည်။ 


ဆင်ဟွာ