ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နှင့် အိမ်နီးချင်း ငါးပြည်နယ်တွင်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်

 

 

ဘန်ကောက် စက်တင်ဘာ ၂၁  


ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၂၁ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၀၉၁၉ ဦးရှိလာပြီး ၁၄၃ ဦး ထပ်မံသေဆုံးကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာ (စီစီအက်စ်အေ) ၏ ဖော်ပြချက်အရ သိရသည်။ 
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ များအနက် ၄၁၈၄ ဦးမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားရာ ဗဟိုချက်နေရာဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်နှင့် အိမ်နီးချင်းငါးပြည်နယ်မှ ဖြစ်သည်။
မြို့နေဒေသခံ  ၇၀  ရာခိုင်နှုန်းခန့်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပြီးနောက်ပိုင်း   ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော နိုင်ငံခြား သားခရီးသွားများအား နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြု မည်ဖြစ်သည်။ 
လွန်ခဲ့သောနှစ်စပိုင်း ကိုဗစ်-၁၉ စတင်ဖြစ်ပွား ချိန်မှစကာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူပေါင်း ၁ ဒသမ ၅ သန်းရှိပြီး သေဆုံးသူပေါင်းမှာ လည်း ၁၅၆၁၂ ဦးအထိ တိုးလာသည်။ 
စက်တင်ဘာ  ၂၀  ရက်က  ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ  ပြန်လည်ကောင်းမွန်လာပြီး  ဆေးရုံမှ ဆင်းလာသူ  ၁၁၆၉၄  ဦးရှိပြီး  ကိုဗစ်-၁၉  ထပ်မံ ကူးစက်ဖြစ်ပွားသည့်ပမာဏထက် အနည်းငယ်ပိုများ သည်။    ကိုဗစ်-၁၉  အခြေအနေဆိုးအောက်တွင် ကျရောက်နေသူပေါင်း ၃၅၄၈ ဦးရှိသည်။ 
စက်တင်ဘာ ၂၁ ရက်အထိ စုစုပေါင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၄၅ ဒသမ ၂ သန်းကျော် ရှိလာခဲ့သည်။   ထိုင်းနိုင်ငံလူဦးရေ၏   ၂၁  ဒသမ ၄  ရာခိုင်နှုန်းခန့်မှာ  ကိုဗစ်-၁၉   ကာကွယ်ဆေး အပြည့် အဝ ထိုးနှံပြီးပြီဖြစ်သည်။ 
ယခုနှစ်ကုန်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉  ကာကွယ်ဆေး လွှမ်းခြုံထိုးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။            ဆင်ဟွာ