ဘန်ကောက် ဇွန် ၂၄
ထိုင်းနိုင်ငံအရှေ့ဘက် စီးပွားရေးစင်္ကြံဒေသ အထူးစီးပွားရေးဇုန် အတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင် မည့် အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပွဲကို ဂျာမနီနိုင်ငံရှိ ထိုင်း သံရုံး၊ ထိုင်းနိုင်ငံ EEC ရုံးအဖွဲ့၊ German Global Trade Forum၊ ဂျာမန်အာရှ-ပစိဖိတ်စီးပွားရေးလုပ်ငန်းရှင်များအသင်း၊ ဂျာမန်-ထိုင်းကုန်သည်ကြီးများအသင်းနှင့် Diplomatic မဂ္ဂဇင်းတို့ ပူးပေါင်း၍ မေ ၃၀ ရက်က ဘာလင်မြို့၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲအတွင်း ဂျာမနီနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး၊ ဂျာမန်-ထိုင်း ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက အမှာစကားအသီးသီးပြောကြားကြသည်။ ဂျာမန် ကုမ္ပဏီ ၆၀၀ ခန့်သည့် ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလျက်ရှိပြီး လျှပ်စစ်ယာဉ်ယန္တရားများ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် တရုတ် နှင့် ဂျပန်ရင်းနှီးမြှုပ်နှံသူများသာမက ဂျာမန်ကုမ္ပဏီများနှင့်လည်း ဆွေးနွေးသွားမည်ဖြစ်ပြီး ငါးနှစ်အတွင်း ၃၀ ရာခိုင်နှုန်းခန့် တိုးမြှင့် သွားရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။
ဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီးနှင့် ဂျာမနီနိုင်ငံဆိုင်ရာ စီးပွားရေးသံမှူးတို့လည်း တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲအတွင်း EEC တွင် ဆောင်ရွက်မည့် စီမံကိန်းများ တိုးတက်ဖြစ်ပေါ်မှုနှင့် Smart Mobility, Multimodal Logistics, Digitalization, Human Resou-rces စသည့် ကဏ္ဍအသီးသီးတို့တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊



