
ရန်ကုန် နိုဝင်ဘာ ၁၀
တက္ကသိုလ်၏သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် သင်ကြားမှုသင်ယူမှုများတွင် အထောက် အကူဖြစ်စေနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်အတွက် ကျင်းပပြုလုပ်သည့် ထိန်းသိမ်း စဉ်လာအနုပညာ ဘာသာရပ်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ တက္ကသိုလ်၏ အနုပညာခန်းမ သရဖီဆောင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက် များနှင့်အညီ ကျင်းပသည်။
စာတမ်းဖတ်ပွဲအခမ်းအနားသို့ ခေတ္တပါမောက္ခ ချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဘာသာရပ်ဆိုင်ရာပညာရှင်ကြီးများ၊ သဘာ ပတိအဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ အရာထမ်း၊ အမှု ထမ်းများ၊ ဆရာ ဆရာမများ၊ သင်ကြားရေးနှင့် စီမံရေးရာဌာန ဝန်ထမ်းများ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ကြသည်။
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက Video Clip ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။ (ယာပုံ)
ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်(ရန်ကုန်) ခေတ္တပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဘာသာရပ်ဆိုင်ရာ သုတေ သနစာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ် အလိုက် ပြင်ပစာပေပညာရှင်၊ အနုပညာရှင်များက သဘာပတိအဖြစ်ဆောင်ရွက်ကြကာ စာတမ်းရှင် များက မိမိတို့ဘာသာရပ်ဆိုင်ရာ စာတမ်းများကို ဖတ်ကြားကြသည်။
ပထမဦးစွာ ဂီတပညာဌာနမှ ကထိက ဒေါ်သိမ့် သိမ့်ဆွေက “ရတုသီဆိုပုံနည်းစနစ်” စာတမ်းကို လည်းကောင်း၊ သဘင်ပညာဌာနမှ လက်ထောက် ကထိက ဒေါ်ခင်နွဲ့အောင်က “ရာမဇာတ်ဝင်တေးဂီတ ကောက်နုတ်ချက်များ” စာတမ်းကိုလည်းကောင်း၊ ပန်းချီပညာဌာနမှ ကထိက ဒေါ်နွယ်နီစိုးက “ပုရပိုက် ပန်းချီအခြေခံများ” စာတမ်းကို လည်းကောင်း ဖတ်ကြားကြပြီး နံနက်ပိုင်းအစီအစဉ်ကို နားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ပန်းပုပညာဌာနမှ ကထိက ဒေါ်မြသူဇာဝင်းက “မြေမီးဖုတ်စဉ့်ထည် ပန်းပု အနုလက်ရာများ သုတေသနပြုလုပ်ခြင်း”စာတမ်း ကိုလည်းကောင်း၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြင့်ကြည်က “VFX နည်း ပညာနှင့် ရုပ်ရှင်၊ ရုပ်မြင်ဖန်တီးမှုအချို့ကို လေ့လာ ခြင်း” စာတမ်းကိုလည်းကောင်း ဖတ်ကြားကြသည်။
ထို့နောက် တက်ရောက်လာသူများက စာတမ်းရှင် များ၏ ဖတ်ကြားမှုအပေါ် ပြန်လည်မေးမြန်းဆွေးနွေး ခြင်း၊ သဘာပတိများ ဖြစ်ကြသည့် ဂီတပညာရှင် ဦးအောင်ကိန်း၊ ဇာတ်သဘင်ပညာရှင် ဦးရဲထွဋ်၊ ပန်းချီပညာရှင် ဦးအောင်သင်းဦး၊ ပန်းပုပညာရှင် ဒေါက်တာ ပြည့်ဖြိုးကျော်နှင့် ရုပ်ရှင်နှင့်ပြဇာတ် ပညာရှင် ဒါရိုက်တာ ပန်းချီစိုးမိုးတို့က ခြုံငုံသုံးသပ် ဆွေးနွေးခြင်းများဆောင်ရွက်ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်