ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ လုပ်ငန်းဆောင်ရွက်မှုများနှင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဇန်နဝါရီ     ၃


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ  ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်အဖွဲ့သည် ယနေ့ နံနက် ၇ နာရီတွင် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ (Final Disposal Site - FDS) သို့    ရောက်ရှိပြီး တာဝန်ရှိသူများကို အမှိုက်စွန့်ပစ်မှုစီမံခန့်ခွဲရေးကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက်  နည်းပညာအသုံးပြုမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်  တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာ တွင် စီးပွားရေးလုပ်ငန်းရှင်များက အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေးအား  တာဝန်ယူဆောင်ရွက်နေသည့် နည်းတူ        ထိန်ပင်နောက်ဆုံးအမှိုက်ပုံကိုလည်း စွမ်းအင်ထုတ်လုပ်နိုင်ရေးအတွက်      လုပ်ငန်းရှင် များစွာက စိတ်ပါဝင်စားစွာ လာရောက်လေ့လာသည် ကို တွေ့ရှိရသဖြင့် Feasibility Study ဖြစ်နိုင်ခြေ  လေ့လာမှုများ ဆောင်ရွက်နိုင်ရန် အားပေးစီစဉ်  သွားရမည်ဖြစ်ကြောင်း၊  အမှိုက်စွန့်ပစ်မှုလျှော့ချ နိုင်ရေးအတွက်   ပြည်သူများကို   Awareness Campaign  အသိပညာပေးခြင်းများ စဉ်ဆက်မပြတ်  ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။


ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ထိန်ပင် FDS အတွင်း မီးသတ်ရေငုတ်တိုင်များ အသုံးပြုနေမှု၊ မြေအောက်ရေမှ Sedimentation ၊ Iron နှင့် Carbon အဆင့်ဆင့်သန့်စင်၍ တစ်နာရီလျှင် ရေဂါလန် ၆၂၀၅၀ သန့်စင်ပေးသော     သံဓာတ်ဖယ်ရှားသည့်စနစ် တပ်ဆင်ထားရှိမှု၊ အလျား ပေ ၉၆၀ ၊ အနံ ပေ ၈၈၀၊ အနက် ၁၁ ပေရှိပြီး ရေဂါလန် ၅၈ သန်း သိုလှောင်နိုင် သည့် မိုးရေစုကန်ထိန်းသိမ်းထားမှုနှင့် ကန်ပတ် ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက် ထားရှိမှု၊ မိုးရေစုကန်မှ တစ်နာရီလျှင် ရေဂါလန် ၆၅၀၀၀ ခန့် ပေးပို့နိုင်သော  90 kW ရေတင်စက်ဖြင့် မီးသတ်ရေငုတ်များသို့ သွယ်တန်းပေးပို့နေမှု၊ FDS ပတ်လမ်းအတိုင်း အမှိုက်သယ်ယာဉ်များနှင့် ယန္တရား များ ဝင်ထွက်၍ အမှိုက်များ စနစ်တကျစုပုံနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် ဒဂုံဧရာအဝေးပြေးယာဉ် ရပ်နားစခန်းသို့ သွားရောက်၍ အနောက်ပတ်လမ်းနှင့် ကျုံပျော်လမ်း အကြား အရှည်ပေ ၁၀၀၀၊ အကျယ် ပေ ၉၀ သဲဖို့မြေ ပြုပြင်ဆောင်ရွက်နေမှုနှင့်    ဆက်စပ်လမ်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်ကားလမ်းမဘေး     ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်းသို့ သွားရောက်၍ မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက် ရေး စီမံကိန်းဝင်းအတွင်း အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ ဆောင်ရွက်နေသော အလျား ပေ ၄၀၊ အနံ ပေ ၄၀ ၊ အနက် ၁၀ ပေ ရေဂါလန် တစ်သိန်းဆံ့ ရေစုကန်နှင့် ရေတွန်းစက်ရုံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်