
နေပြည်တော် ဒီဇင်ဘာ ၇
လူမှုရေးကဏ္ဍသည် ကျယ်ပြန့်သည့်အလျောက် အစိုးရသက်တမ်းကာလ အတွင်း ဝန်ကြီးဌာန၏ မူလလုပ်ငန်းတာဝန်များဖြစ်သော ကာကွယ် စောင့်ရှောက်ရန် လိုအပ်သည့် ထိခိုက်လွယ်အုပ်စုများဖြစ်သော ကလေး သူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားဖြစ်ထွန်းအောင် နည်းမှန် လမ်းမှန်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဖြည့်ဆည်း ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လပတ် လုပ်ငန်း
ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားခဲ့သည်။
ကူညီပံ့ပိုးပေးရမည်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မိမိ တို့ဌာနပိုင် သင်တန်းကျောင်း၊ ဂေဟာများသို့ ရောက်ရှိလာသည့် ကာကွယ်၊ ထိန်းသိမ်း၊ စောင့်ရှောက်ပေးရမည့် အမျိုးသမီးများ၏ ဘဝ တိုးတက်မြင့်မားရေးအတွက် ၎င်းတို့ပညာသင်ယူခွင့် ရရှိရေး၊ အမှန် တကယ်အကျိုးရှိပြီး လက်တွေ့ကျသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူတတ်မြောက်နိုင်ရေး လိုအပ်သည့် နည်းပညာ၊ ငွေကြေး၊ လုပ်ငန်းများရပ်တည် လည်ပတ်နိုင်အောင် ကူညီပံ့ပိုးပေးရမည် ဖြစ်ကြောင်း၊ ဖြစ်ရပ်စီမံခန့်ခွဲသူများအနေဖြင့်လည်း အမှန်တကယ် ထိရောက်ကောင်းမွန်သော ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရေး လူမှုရေး ပညာတက္ကသိုလ်တည်ထောင်ဖွင့်လှစ် ပြီးစီးပါက လူမှုရေးပညာ ဖြစ်ရပ် စီမံခန့်ခွဲသူများ များစွာမွေးထုတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း။
၂၀၁၄ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်အတိုင်း လက်ရှိတွင် အသက် ၈၅ နှစ်နှင့်အထက် အဘိုး အဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေး သူငယ်များအတွက် ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ် (MCCT)တို့တွင် Electronic Cash Transfer (ECT) နည်းလမ်းဖြင့် ပိုမိုထိရောက် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူမှုရေးအချက်အလက် စီမံ ခန့်ခွဲမှုစနစ်ကို ထူထောင်နိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
သင်တန်းကျောင်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားရှိသော ကလေးသူငယ်များ ဘဝတစ်သက်တာ ရှင်သန်ရပ်တည်နိုင်ရေး အသက် မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးရာတွင် ၎င်းတို့အတွက် လွယ်ကူစွာတတ်မြောက်ပြီး ဝင်ငွေလက်လှမ်းမီရနိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများကို သင်တန်းကျောင်းအနေဖြင့် ဖြစ်ထွန်း အောင်မြင်ပြီး ဈေးကွက်သို့ တင်ပို့နိုင်သည်အထိ ၎င်းတို့ ဦးဆောင်မှုဖြင့် ၎င်းတို့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပြီး ငွေစာရင်းထားသိုနည်းပညာ ရပ်များအပါအဝင် ၎င်းတို့စီမံခန့်ခွဲမှုဖြင့် Ownership စိတ်ဓာတ်
ကိန်းအောင်းလာအောင် လေ့ကျင့်သင်ကြား ပျိုးထောင်ပေးရမည် ဖြစ်ကြောင်း။
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် လူကုန် ကူးခံရသူများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့ ပေါင်းစည်းနိုင် ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြန်လည် ထူထောင်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံကို ထပ်မံတိုးချဲ့ ခွင့်ပြုခဲ့ပြီး ဖြစ်သည့် အတွက် လုပ်ငန်းများ ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်သွားနိုင် တော့မည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် အဆိုပါလုပ်ငန်းများ အားလုံး ပေါက်မြောက်အောင်မြင်အောင် ရှေ့ဆက်လက် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်အဆင့်အလိုက် ကာလသတ်မှတ်ချက် (Time Frame) ချမှတ်အတည်ပြုပြီး လစဉ်တိုးတက်မှုအခြေအနေနှင့် ညှိနှိုင်းသုံးသပ် ခြင်းများ ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ကြီးရုံး ဌာနခွဲများမှ လက်ထောက်အတွင်းဝန်များ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပြန်လည် ထူထောင်ရေးဦးစီးဌာနများမှ ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ကာလသတ်မှတ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ အမြဲ တမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်း တင်ပြကြပြီး တင်ပြချက်တစ်ချက်ချင်းအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါအစည်းအဝေးသို့ ဝန်ကြီးရုံးနှင့် ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများက In Person တက်ရောက်ကြပြီး တိုင်းဒေသကြီး / ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် တာဝန်ရှိသူများက Virtual ပုံစံဖြင့် ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်