ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် မတ် ၂၁ တပ်မတော်အနေဖြင့် တိုင်း စစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်း များအား တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေး ခြင်းများနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ မတ် ၂၀ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုကိုးကျွန်း ခရီးစဉ်အတွင်း လမ်းညွှန်မှာကြား ချက်အရ ယနေ့တွင် ကိုကိုး ကျွန်းနေ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့ အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာ ၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ကလောမြို့၊ ဟိုပုံးမြို့ မိုးဗြဲမြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့၊ ဘောလခဲမြို့နယ် များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်း သားပြည်သူများအား သတ်မှတ် နေရာအသီးသီး၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် စာချ စာသင် သံဃာတော်များအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့ အတွင်းရှိ သံဃာတော်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး ကျောက်တံခါးမြို့အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်များမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက CDM တွင်ပါဝင်ခြင်းမရှိဘဲ ပြည်သူ လူထု၏ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်ပေးနေသည့် ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေး ပေးပြီး COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးပြီး သံဃာတော် များအား ဖူးမြော်ကြည်ညိုခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်