ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်   မတ်   ၁၃


တပ်မတော်အနေဖြင့်  တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ  ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊  ဘာသာမရွေး  အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့်  ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့်   တိုင်းရင်းသားပြည်သူများ အား  COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ် ဆေး  ထိုးနှံပေးခြင်းများကို  ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)      လားရှိုးမြို့နယ်၊ လောက်ကိုင်မြို့နယ်၊   ကွမ်းလုံမြို့နယ်၊   ကွတ်ခိုင် မြို့နယ်၊ နမ့်ဆန်မြို့နယ်၊  နမ္မတူမြို့နယ်၊ မိုင်းရယ် မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်၊   ကျောက်မဲမြို့နယ်နှင့်   ဟိုပန် မြို့နယ်များအတွင်းရှိ ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား   သတ်မှတ်နေရာအသီးသီး၌ လည်း ကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ဟိုပုံးမြို့နယ်၊ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ လင်းခေးမြို့၊ ကွန်ဟိန်းမြို့၊ မိုင်းနောင်မြို့၊ မိုးနဲမြို့နှင့် ကယားပြည်နယ်  ဘောလခဲမြို့နယ်များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အား သတ်မှတ်နေရာအသီးသီး၌  လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)     ကျိုင်းတုံမြို့နယ်၊ တာချီ လိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်နှင့်   မက်မန်း မြို့နယ်များရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့်   ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌     လည်းကောင်း၊  တနင်္သာရီတိုင်းဒေသကြီး   ဘုတ်ပြင်းမြို့အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်     ဒေသခံတိုင်းရင်းသားပြည်သူ များအား ဘုတ်ပြင်းမြို့  ပြည်သူ့ဆေးရုံ၌   လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊   သာသနာ့ နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား သတ်မှတ်နေရာအသီးသီး၌     လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး     မော်လိုက်မြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊  သာသနာ့ နွယ်ဝင် သီလရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား  သတ်မှတ် နေရာအသီးသီး၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသ ကြီး မန္တလေးမြို့နှင့် အမရပူရမြို့နယ်ရှိ ထေရ်ကြီး ဝါကြီး  ဆရာတော်ကြီးများအား   သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊   ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ဇီးကုန်းမြို့၊  နတ်တလင်းမြို့၊  ကြို့ပင် ကောက်မြို့၊   မင်းလှမြို့နှင့်   မိုးညိုမြို့များအတွင်းရှိ  ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား     သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြု များပါဝင်သော ဆေးအဖွဲ့များက CDM တွင် ပါဝင် ခြင်းမရှိဘဲ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများအား ဆောင်ရွက်ပေးနေသည့် ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊   ကျန်းမာရေးဝန်ထမ်း များနှင့်အတူပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ  တိုင်းမှူးများနှင့်   အဖွဲ့ဝင် များက   သွားရောက်ကြည့်ရှုအားပေးကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး  သံဃာတော် များအား  ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း  သတင်း ရရှိသည်။                                  

       သတင်းစဉ်