
နေပြည်တော် မတ် ၁၁
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ ကွတ်ခိုင် မြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မိုင်းရယ်မြို့နယ်၊ မန်တုံ မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချို မြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် ဟိုပန်မြို့နယ်များရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ကလောမြို့နယ်၊ ပင်လောင်း မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ မိုးဗြဲမြို့နယ်၊ အင်တောမြို့၊ ခိုလမ် မြို့၊ လွိုင်လင်မြို့၊ နမ့်စမ်မြို့၊ မိုင်းရှူးမြို့၊ လင်းခေးမြို့၊ ကွန်ဟိန်းမြို့၊ မောက်မယ်မြို့၊ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နှင့် ဘောလခဲမြို့များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာ တော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာအသီးသီး၌လည်း ကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သတ်မှတ်နေရာ အသီးသီး၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့နှင့် ပုသိမ်ကြီးမြို့နယ်တို့ရှိ သာသနာ့ နွယ်ဝင်သီလရှင်များအား သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ကျောက်တံခါးမြို့၊ ပြည်မြို့၊ ရွှေတောင်မြို့၊ သဲကုန်း မြို့၊ ပေါင်းတည်မြို့၊ ပေါက်ခေါင်းမြို့နှင့် ရွှေကျင် မြို့များအတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီး များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သတ်မှတ် နေရာအသီးသီး၌လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့ များက CDM တွင် ပါဝင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဆေးရုံများမှ ဆရာဝန်များနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးပြီး COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင် များက အသီးသီးသွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်