ထားဝယ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ရိပ်သာများအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ထားဝယ်   ဇူလိုင်   ၁၀
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဘုန်းတော် ကြီးကျောင်းနှင့်  ရိပ်သာများတွင် သံဃာတော်များ ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းခံမထွက်ရသဖြင့်  ကိုဗစ်စည်းကမ်းများနှင့်အညီ သီတင်းသုံးနိုင်ရေး အတွက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီက ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ ဘုန်းတော်ကြီးကျောင်း များသို့   လှူဖွယ်ဝတ္ထုငွေနှင့်  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ရှေးဦးစွာ ဆရာတော်များထံမှ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     ဦးတင်အောင်၊ တိုင်းဒေသကြီး     တရားလွှတ်တော်    တရား သူကြီးချုပ်    ဒေါ်ပိုက်ပိုက်အေး၊      တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည် ကြပြီး      အနုမောဒနာတရား     နာကြားခဲ့ကြ သည်။ 
ထိုနောက်   တိုင်းဒေသကြီး   စီမံအုပ်ချုပ်ရေး ကောင်စီက    ထားဝယ်မြို့    ပန်းသုံးဝကျောင်း၊ ပခုက္ကူကျောင်းနှင့် ယိုးဒယားကျောင်းများအတွက် တစ်ကျောင်းလျှင်    ဝတ္ထုငွေကျပ်     ၂၁၁၀၀၀   ၊ ဆန်   ၁၂   ပြည်ဝင် အိတ် ၂၀၊ ဆီ ၅ လီတာ ၁၀ ဘူး၊ အာလူး ၁၀ ပိဿာ နှစ်အိတ်၊ ကြက်သွန်နီ ၁၀ ပိဿာ နှစ်အိတ်၊   ကြက်သွန်ဖြူ  ၁၀ ပိဿာ ၁၂ အိတ် ၊ ငါးခြောက်  ၁၀  ပိဿာ  စသည့်တို့ကို   ဆက်ကပ် လှူဒါန်းသည်။
တိုင်းဒေသကြီး           စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊     တိုင်းဒေသကြီး    တရားလွှတ်တော် တရားသူကြီးချုပ်နှင့်  တာဝန်ရှိသူများက    လှူဒါန်းမှု အစုစုတို့အတွက်    ရေစက်သွန်းချ    အမျှပေးဝေ သည်။
ဆက်လက်၍   တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကမ်းနားစျေး တွင်   ကားပါကင်ပြုလုပ်မည့်နေရာကို   ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 
 တိုင်းဒေသကြီး
(ပြန်/ဆက်)