ထားဝယ်မြို့၌ ကွန်ပျူတာကျွမ်းကျင်မှု မွမ်းမံသင်တန်းဖွင့်

ထားဝယ်  သြဂုတ်   ၂၆ 


တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနကကြီးကြပ်၍ ကွန်ပျူတာ ကျွမ်းကျင်မှု    မွမ်းမံသင်တန်းကို    ထားဝယ်မြို့ရှိ    တိုင်းဒေသကြီး သမဝါယမဦးစီးဌာန  အစည်းအဝေးခန်းမ၌ ဩဂုတ် ၂၆ ရက်က ဖွင့်လှစ် သည်။ 

 


သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး သမဝါယမဦးစီးမှူး ဦးကျော်စိုး မင်းက ရုံးဝန်ထမ်းများအား ကွန်ပျူတာဆိုင်ရာ အခြေခံနှင့် ကွန်ပျူတာ ကျွမ်းကျင်စွာအသုံးပြုလုပ်ငန်းဆောင်ရွက်နိုင်ရန်၊    ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို    စနစ်တကျကိုင်တွယ်   ထိန်းသိမ်းအသုံးပြု တတ်စေရန်နှင့် သတင်းအချက်အလက်လုံခြုံမှု ထိန်းသိမ်းတတ်စေရန်၊  ရုံးလုပ်ငန်းများနှင့်   သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် Power Point Presentation နှင့် Excel ဇယားပုံစံများကို ကျွမ်းကျင်စွာဖြင့် အချိန်မီအသုံးချဆောင်ရွက်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့်   သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊  သင်တန်းသား သင်တန်းသူများ အနေဖြင့် သင်တန်းမှပို့ချပေးလိုက်သော ဘာသာရပ်များကို စိတ်ပါဝင်စား စွာ လေ့လာမှတ်သားစေလိုကြောင်း ပြောကြားသည်။ 

 


သင်တန်းတွင်    ထားဝယ်ခရိုင်အတွင်းရှိ    သမဝါယမဝန်ထမ်း သင်တန်းသား သင်တန်းသူ ၁၂ ဦး တက်ရောက်ပြီး သင်တန်းကာလ နှစ်ပတ်ကြာ လေ့ကျင့်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။                                                      

ရွှေပင်လယ်(ထားဝယ်)