
ထားဝယ် ဇန်နဝါရီ ၆
ထားဝယ်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက် ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၅ ခုနှစ် ကတည်းက တည်ဆောက်ရန် ရည်ရွယ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် အချိန်နှောင့်နှေး ကြန့်ကြာခဲ့ရကြောင်း၊ အဝေးပြေးယာဉ်ရပ်နားစခန်း သည် ထားဝယ်ဒေသအတွက် အမှန်တကယ် လိုအပ် ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက် ၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးအနက်ထား၍ ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းအတွင်း ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ခန့်ရွှေပြည်ကုမ္ပဏီလီမိတက်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက လိုအပ် သည်များ ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)