ကိုဗစ်လှိုင်း၏ အရှိန်ကို မမေ့ကြပါနှင့်
မြန်မာ့အလင်းအယ်ဒီတာအာဘော်
ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုက အရှိန်ရှိနေဆဲ။ သည့်ထက်ပိုဆို ရလျှင် ရောဂါပိုး၏ အန္တရာယ်ကို ပေါ့ပေါ့ဆဆ သဘောထားလို့ မရသေး။ မိမိတို့ သတိထားမှုကိုလျှော့လို့မရသေး။ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုက ရှိနေဆဲဖြစ်ပါသည်။



