ကိုဗစ်-၁၉ ဒုတိယနှစ်နှင့် ကမ္ဘာ့လူဦးရေနေ့
ကမ္ဘာ့လူဦးရေသန်းပေါင်း ၅၀၀၀ ပြည့်သည့် ၁၉၈၇ ခုနှစ်တွင် မြေကမ္ဘာနေ လူသားတို့ လူဦးရေအကြောင်းအရာကို စတင် အာရုံစိုက်လာခဲ့ကြသည်။ တစ်နည်းဆိုရသော် ကမ္ဘာ့လူဦးရေ တစ်စတစ်စများပြားလာသည့်အပေါ် စိုးရိမ်ကြောင့်ကြလာကြခြင်း ပင်ဖြစ်ရာ ထုံးစံအတိုင်း ပညာရှင်များနှင့် မီဒီယာတို့မှ စတင်၍ ထုတ်ဖော်ပြောကြားလာခဲ့ရာမှစ၍ ကမ္ဘာ့အရေးကိစ္စတစ်ခုဖြစ် လာပြီး ၁၉၈၉ ခုနှစ်မှစတင်ကာ နှစ်စဉ် ဇူလိုင်လ ၁၁ ရက်နေ့တိုင်း ကမ္ဘာ့လူဦးရေနေ့ကို ကျင်းပပြီး လူဦးရေဆိုင်ရာအကြောင်းအရာ များကို တစ်ခုပြီးတစ်ခု ခေါင်းစဉ်တပ် အာရုံစိုက်ဆွေးနွေးခဲ့ကြ သည်။



