မြန်မာ့အလင်းအယ်ဒီတာအာဘော်

မြန်မာနိုင်ငံ အကျပ်အတည်းကျရောက်ရေး ဝင်‌ရောက်စွက်ဖက်မှုနှင့် လွှမ်းမိုးမှုများ

 

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး ၌ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ မူအားဖြင့် ဘုံသဘောတူညီ ချက် (၅) ရပ် ရရှိခဲ့သည်။

 

ဆေးလိပ်၊ ဆေးရွက်ကြီးရှောင်ကာ ကျန်းမာသက်ရှည်ကြစေကြောင်း

မြန်မာနိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်- ၁၉ ရောဂါ အတည်ပြု လူနာ ၄၉၂၅၀၉ ဦး ရှိခဲ့ပြီး ပိုးတွေ့သေဆုံးလူနာဦးရေ ၁၈၄၉၁ ဦး ရှိခဲ့သည်။ ၎င်းအရေအတွက်များမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်- ၁၉ ရောဂါ စတင်တွေ့ရှိခဲ့ရသည့်နေ့မှ ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်၊ ည ၈ : ၀၀ နာရီ)အထိဖြစ်သည်။ ကိုဗစ်- ၁၉  ကပ်ရောဂါနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့် နေ့စဉ်နှင့်အမျှ သတင်းအချက်အလက် များရရှိနေသည့်အတွက် သိရှိသတိပြုမိနေကြသော်လည်း နှစ်စဉ် သေဆုံးမှုနှုန်းအားဖြင့် ကိုဗစ်- ၁၉  ကပ်ရောဂါထက် များစွာပိုမိုပြီး ကိုဗစ်- ၁၉ ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် ကျန်းမာရေး ပြဿနာတစ်ခုကိုမူ အမှတ်တမဲ့နှင့် သတိမပြုမိဘဲရှိနေကြသည်။

 

ကောင်းမှုကုသိုလ်လည်းပြု ရောဂါကူးစက်မှုလည်း ကာကွယ်

 

ကုသိုလ်ကောင်းမှုတို့ကို  မြန်စွာပြုရာ၏။  စိတ်ကို   မကောင်းမှုမှ တားမြစ်ရာ၏။  ကုသိုလ်ကောင်းမှု  အပြုနှေးသောသူ၏  စိတ်သည် မကောင်းမှု၌  ပျော်မွေ့တတ်၏။    (ကောင်းမှုအပြုနှေးသောသူ၏ စိတ်ထဲသို့ မကောင်းမှု ဝင်လာတတ်၏။) 

 


မကောင်းမှုကို အကယ်၍  ပြုမိလျှင် ထိုမကောင်းမှုကို ထပ်ခါ ထပ်ခါ မပြုရာ၊ ထိုမကောင်းမှု၌ စိတ်အလိုဆန္ဒကိုလည်း မဖြစ်စေရာ။ (အကြောင်းမူကား) မကောင်းမှုပွားခြင်းသည် ပစ္စုပ္ပန်  တမလွန် နှစ်တန်သော ဘဝတို့၌ ဆင်းရဲခြင်းကို ဖြစ်စေတတ်၏။ (ဓမ္မပဒ)

 

ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု လုံးဝစိတ်ချရသည့်အခြေအနေရောက်ရေး

 

ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ် ပျမ်းမျှသေဆုံးသည့်နှုန်းတွင်  မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံး ပျမ်းမျှနှုန်းနှင့် အမေရိကန်၊ မလေးရှား၊ ယူကေ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့၏ ပျမ်းမျှနှုန်းများ အောက်   နည်းပါးလျက်ရှိသည်။   ကမ္ဘာတစ်ဝန်းလုံး လူဦးရေ တစ်သန်းတွင် ၀ ဒသမ ၈၆ ဦး ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ် ပျမ်းမျှသေဆုံးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၀ ဒသမ ၅၈ ဦးသာရှိသည်။   အမေရိကန်ပြည်ထောင်စုတွင်မူ   လူတစ်သန်း တွင် ကိုဗစ်-၁၉ ကြောင့် ၄ ဒသမ ၇၅ ဦး နေ့စဉ် ပျမ်းမျှသေဆုံး နေသည်။

 

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်