နွေနေ့လယ်ခင်းအန္တရာယ် နှစ်ရပ်
နွေလယ်ကာလဖြစ်သည့်အတွက် အချို့ဒေသများတွင် နေ့အပူချိန် များ မြင့်မားလျက်ရှိရာ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် သွေးတိုး၊ ဆီးချို၊ နှလုံး စသည့်ရောဂါအခံရှိသူများ အပူဒဏ်ကြောင့် အန္တရာယ်မကျရောက်စေရန် ဂရုပြုကြရမည်ဖြစ်သည်။ ရာသီဥတု ပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်ရေဓာတ်နှင့် ဓာတ်ဆားတို့ ဆုံးရှုံးမှုများပြားပြီး ပင်ပန်းနွမ်းနယ်မှုနှင့် မူးမော် ခြင်း၊ ပိုမိုပြင်းထန်လာသည့်အခါ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) တို့အထိ ခံစားရနိုင်သည့်အတွက် ဥတုသပ္ပါယ မျှတအောင် နေထိုင်ကြရန်လိုသည်။



