နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ် ပြည်သူကိုအကျိုးပြု၍ ဂုဏ်ယူ
ဆေးပညာဘွဲ့ရ အောင်စာရင်းထုတ်ပြန်ပြီးသူများအား နိုင်ငံ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတို့တွင် ဆေးပညာဘွဲ့ရအောင်စာရင်း ထုတ်ပြန်ပြီးသူ စုစုပေါင်း ၁၂၂၂ ဦးရှိရာ နိုင်ငံတော်တွင် ပြည်သူ လူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်များ လိုအပ်လျက်ရှိခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ကြရန် သက်ဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်လိုက်ခြင်းလည်း ဖြစ်သည်။



