မြန်မာ့အလင်းအယ်ဒီတာအာဘော်

ကျောင်းသား၊ ကျောင်းသူလူငယ်နှင့် အင်တာနက်လူမှုကွန်ရက်သုံးစွဲမှု

စမတ်ဖုန်းများကို အရွယ်သုံးပါး သုံးစွဲကြခြင်းက မျက်မှောက် ခေတ်၏ ခေတ်ပြိုင်လူနေမှုဘဝပုံစံ အတော်များများကို ပြောင်းလဲ သွားစေသည်။ သွားလေရာကို ယူဆောင်သွားနိုင်ကြသည့် စမတ် ဖုန်းများကို အသုံးပြုကာ လူမှုကွန်ရက်များတွင် အချိန်များစွာ ကုန်ဆုံးနေကြခြင်းကြောင့်  ရုပ်ရှင်ရုံများကို ကျောခိုင်းလာကြ သလို ရုပ်မြင်သံကြားကြည့်ရှုချိန်များလည်း များစွာ လျော့ကျ သွားကြသည်။ သုတရသစာအုပ်များ ဖတ်ရန်လည်း အချိန်ရော ငွေပါမပေးလိုတော့။ ကျောင်းနေအရွယ်ကျောင်းသားများ စမတ် ဖုန်းနှင့်   အခြားဒစ်ဂျစ်တယ်အီလက်ထရွန်နစ်ပစ္စည်းများကို အလွန်အကျွံသုံးစွဲလာကြသည့်အခါ     ပညာသင်ယူမှုအပေါ် ထိခိုက်လာစေသည်သာမက အခြားဆိုးကျိုးသက်‌ရောက်မှုများ

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ နှိုးဆော်ချက်များကို အလေးထားလိုက်နာ

 

ယခုနှစ်အတွင်း အာဖရိကတိုက်ရှိ ကွန်ဂိုနိုင်ငံနှင့် အခြားအာဖရိက နိုင်ငံအချို့တွင် Mpox ခေါ် မျောက်ကျောက်ရောဂါ ကူးစက်မှု အရှိန်မြင့်လာခြင်းနှင့်   ကွန်ဂိုအရှေ့ပိုင်းတွင်     ရောဂါပိုးမျိုးကွဲ အသစ် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာသည့်အပြင်   နယ်စပ်ဖြတ် ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများ  ရှိလာခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့တွင် မျောက်ကျောက်ရောဂါကူးစက်မှုကို နိုင်ငံတကာပြည်သူ့ကျန်းမာ ရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။

နိုင်ငံသားအားလုံးပါဝင်ဆောင်ရွက်ရမည့် မူးယစ်ဆေးဝါးနှိမ်နင်းတိုက်ဖျက်ရေး

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို   အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်  သတ်မှတ်ကာ  ခေတ်အဆက်ဆက်တွင်  အစိုးရ အဆက်ဆက်တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက်    ကုလသမဂ္ဂ၊      အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊   နိုင်ငံတကာမူးယစ်ဆေးဝါး   ထိန်းချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများ၊ UNODC ၊  AFP ၊ DEA ၊ NNCC ၊ ONCB စသည့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

အများအတွက် တစ်ယောက် တစ်ယောက်အတွက် အများ

 

မြန်မာနိုင်ငံတွင် သမဝါယမစနစ် တည်ရှိခဲ့သည်မှာ လာမည့်နှစ် ဆိုလျှင် နှစ်ပေါင်း ၁၂၀ တင်းတင်းပြည့်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ တွင် ပထမဆုံးသော သမဝါယမအသင်းအဖြစ် ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ  ၃  ရက်နေ့တွင်  ဖွဲ့စည်းမှတ်ပုံတင်ခဲ့သည့်  မြင်းမူ မြို့နယ်    ငွေစုငွေချေးသမဝါယမအသင်းမှ   အစပြုခဲ့သော သမဝါယမစနစ်သည်   ခေတ်အဆက်ဆက်တွင်  အနိမ့်အမြင့်၊ အတက်အကျများဖြင့်  ဆက်လက်ရှင်သန်နေခဲ့ရာ  ယနေ့ထိ တိုင်ပင် ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူလုပ်ငန်း အောင်မြင်ရန် ဝိုင်းဝန်းကြိုးပမ်း

 

(၁၀) နှစ်လျှင်တစ်ကြိမ်   ကောက်ယူရမည့်  လူဦးရေနှင့်  အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် တစ်လကျော် ခန့်သာ   အချိန်ကျန်ရှိနေပြီဖြစ်သည်။    သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို (၁) ကြိုတင်ပြင်ဆင်ခြင်း၊ (၂) စာရင်း ကောက်ယူခြင်း၊ (၃) စာရင်းဇယားပြုစုခြင်းနှင့် ဆန်းစစ်လေ့လာ ခြင်း၊ (၄) အစီအရင်ခံစာထုတ်ပြန်ခြင်း   ဟူသည့်   လုပ်ငန်းစဉ် (၄)   ရပ်ဖြင့်    ဆောင်ရွက်နေခြင်းဖြစ်ရာ     လပေါင်းများစွာ ဆောင်ရွက်ခဲ့ရသည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ပြီးဆုံးရန် နီးကပ်လာ ချိန်ဖြစ်သည်။

နိုင်ငံတကာကျန်းမာရေး အရေးပေါ် အခြေအနေဖြစ်လာသည့်မျောက်ကျောက်

 

မျောက်ကျောက်ရောဂါသည်  နိုင်ငံတကာသို့  ကူးစက်ပျံ့နှံ့နိုင် သည့် အလားအလာများဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံတကာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဩဂုတ် ၁၄ ရက်တွင် ကြေညာလိုက်သည်။ ၂၀၂၂ ခုနှစ် အတွင်းကလည်း မျောက်ကျောက်ရောဂါကို အရေးပေါ်အခြေ အနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပြီး တစ်နှစ် ခန့်အကြာတွင် ပြီးဆုံးသွားခဲ့သော်လည်း ယခုအကြိမ်တွင် မျောက်ကျောက်ရောဂါသည်         ပိုမိုပြင်းထန်သည့်ပုံစံဖြင့် တစ်ကျော့ပြန်ပေါ်ထွက်လာခြင်းဖြစ်သည်။

ကျောင်းသားကျောင်းသူ၊ လူငယ်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး

 

လူ့ဘဝဟူသည် ဆယ်စုနှစ်အနည်းငယ်မျှသော ကာလအပိုင်း အခြားလေးတစ်ခုသာ  ဖြစ်သည်။   မျက်မှောက်ခေတ်တွင် လူဖြစ်လာသူတစ်ဦးသည် ဘဝသက်တမ်း၏ သုံးပုံတစ်ပုံနီးနီး ကို စာပေ၊ အတတ်ပညာ စသည်တို့ သင်ကြားရန်အတွက် မဖြစ် မနေအသုံးပြုကြရသည်။ ဆက်လက်ရှင်သန်ရမည့်ဘဝအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်   ပညာသင်ကြားကြရခြင်းဖြစ် သည်။ မိမိတို့အလေးအနက်သတိပြုကြရမည်မှာ အခြေခံပညာ၊ အဆင့်မြင့်ပညာ စသည်ဖြင့် ကျောင်းပညာများ သင်ယူကြခြင်း သည်  လေ့လာသင်ယူစရာများပြားလှသည့်  လူ့ဘဝတစ်သက် တာ၏ အစသာလျှင်ဖြစ်ပြီး  ဆက်လက်၍  လေ့လာသင်ယူနေ ကြရဦးမည်ဟူ၍ပင်ဖြစ်သည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်