မိမိတို့နေထိုင်ရာ မြို့ရွာများ လှပသန့်ရှင်းရေးနှင့် နှစ်လိုပျော်မွေ့ဖွယ်ဖြစ်ရေး ဖန်တီးဖော်ဆောင်
ခရီးသွားနှင့် အလည်အပတ်လုပ်ငန်း (Travel and Tourism) သည် ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးဆုံးသော ပို့ကုန်လုပ်ငန်းဖြစ်သည်။ ခရီးသွားနှင့် အလည်အပတ်လုပ်ငန်းတွင် ပြည်တွင်းနှင့် ပြည်ပဟူ၍ရှိရာ ပြည်တွင်းခရီးသွားလုပ်ငန်းက အလုပ်အကိုင်အခွင့်အလမ်းအများအပြားကို ဖန်တီးပေးနိုင်ပြီး ဒေသစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေသကဲ့သို့ ပြည်ပခရီးသွားလုပ်ငန်းက နိုင်ငံခြားဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းအပြင် ကမ္ဘာ့နိုင်ငံများအချင်းချ