Announcement
အာဆီယံအဖွဲ့သို့ ဝင်ရောက်ပြီးသည့်အချိန်မှစ၍ အာဆီယံပဋိညာဉ် စာတမ်းပါမူနှင့် လုပ်ထုံးလုပ်နည်းများကို လေးစား၊ လိုက်နာခဲ့ပြီး အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ရာတွင်
အာဆီယံနှင့် အပြုသဘော ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်
သတင်းထုတ်ပြန်ချက်
ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီ၏ အသိပေးကြေညာချက်
နေပြည်တော် အောက်တိုဘာ ၂၂
မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိ ရေးရန်ပုံငွေ (COVID-19 Vaccination Fund) မြန်မာကျပ်ငွေစာရင်း OA 013733 သို့ အောက်တိုဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ပြည်တွင်း / ပြည်ပ အလှူရှင်များမှ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်းမှာ ငွေကျပ် ၀ ဒသမ ၂၅၀ သန်း ဖြစ်သည်။
ကိုဗစ်-၁၉ သက်ရောက်မှုကြောင့်ထိခိုက်မှုရှိနေသော ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးမည့် ချေးငွေလျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း
၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက် မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးက ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ကျပ် ၁၅ ဘီလီယံအား ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ အဆိုပါချေးငွေကို အောက်ပါအချက်များနှင့် အကျုံးဝင် ကိုက်ညီ သော ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများသို့ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးယူခွင့်ပြုသွား မည် ဖြစ်ပါသည် -
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပြဋ္ဌာန်း
(ယမန်နေ့မှအဆက်)
အခန်း(၄)
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ
၁၅။ လူမှုဖူလုံရေးအဖွဲ့သည် မိမိ၏ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ် တွင်ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတို့အပေါ် ရပ်တည်၍ လုပ်ငန်း များကို မိမိ၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပြဋ္ဌာန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ
၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက်
ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၂၈ /၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။