ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ
နေပြည်တော် စက်တင်ဘာ ၂
နေပြည်တော် စက်တင်ဘာ ၂
စက်တင်ဘာ ၂ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များ၌ စုရပ်များခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများ၏ စကားသံများကို မေးမြန်းဖော်ပြလိုက်ရပါသည်။
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တတိယလှိုင်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သက်သာပျောက်ကင်းလာသူနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်၍ ထိုးနှံကြသော အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်အောင် ကျန်းမာရေးဂရုတစိုက်နေထိုင်ကြမှုနှင့် ကာကွယ်ဆေးထိုးခြင်း၏ အကျိုးများကို သိရှိစေရေးအတွက် ၎င်းတို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက် ည ၈ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ (၃၀-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၉,၂၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃,၃၉၉) ဦး တွေ့ရှိရ၍ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၆၅ ရာခိုင်နှုန်း တွေ့ရှိခဲ့ရကြောင်း သိရှိရ ပါသည်။ ထို့အတူ (၂၉-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၈-၂၀၂၁) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်းတွင်လည်း ဓာတ်ခွဲနမူနာ စုစုပေါင်း(၄၂,၄၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၅၈၃)ဦး ရောဂါပိုးတွေ့ရှိမှု ရာခ
ဒေါက်တာသန်းနိုင်စိုး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး)
မြန်မာနိုင်ငံတွင် ကိုဗစ်ပထမလှိုင်းကို ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ဖြတ်သန်းခဲ့သည်။ ပထမ လှိုင်းတွင် ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ရာဂဏန်းနှင့် သေဆုံးသူ ခုဂဏန်းမျှသာရှိ၏။ ကူးစက်မှုဒုတိယလှိုင်းကို ၂၀၂၀ ပြည့်နှစ် သြဂုတ် လတွင် ထပ်မံကြုံတွေ့ခဲ့ရသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ တွင် ကိုဗစ်ကူးစက်ခံရသည့်လူနာ ၁၂၄၂၇ ဦး၊ ကုသပျောက်ကင်းပြီး ဆေးရုံမှဆင်းခွင့်ရသူ ၃၃၉၁ ဦး၊ သေဆုံးသူ ၂၈၄ ဦးရှိပြီး ဆက်လက်ကုသမှုခံယူ သူ ၈၇၅၂ ဦးရှိသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၂၈ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက် ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
တစ်ကမ္ဘာလုံး ခံစားကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကို မိမိတို့နိုင်ငံသားတွေလည်း ပြီးခဲ့တဲ့ကာလမှာ အလူးအလဲ ခံစားခဲ့ကြရပါတယ်။ ကိုဗစ် - ၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စတဲ့ လှိုင်းအဆင့်ဆင့်အနက် အခုကြုံနေရတဲ့ တတိယလှိုင်းအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လက ကူးစက်မှုအမြင့်ဆုံးကြုံခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
Copyright © 2026. All rights reserved.
News and Periodical Enterprise