ပြည်သူရှေးရှု ပြည်သူ့အကျိုးပြု ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ အမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီ
မိုးယံ
ရှာဖွေကယ်ဆယ်ရေးဟူသည် မီး၊ ရေ၊ လေ၊ ငလျင်၊ မိုးကြိုး စသည့် သဘာဝဘေးအန္တရာယ်များအပါအဝင် ရုတ်တရက်ဖြစ်ပွားစေတတ် သော ဘေးအန္တရာယ်တစ်စုံတစ်ခု ကျရောက်မှုအပေါ် သတင်းအချက် အလက်များ လက်ဦးမှုရယူလျက် အလျင်မြန်ဆုံးနည်းလမ်းဖြင့် ဘေးဒုက္ခခံစားရသူများကို ရှာဖွေခြင်း၊ ရရှိခဲ့သည့်စိတ်ဒဏ်ရာ၊ ကိုယ်ကာယဒဏ်ရာများအပေါ် ထိရောက်သောနည်းစနစ်များဖြင့် အားပေးနှစ်သိမ့်ခြင်း၊ ရှေးဦးသူနာပြုစုနည်းဖြင့် ကူညီဖေးမ စောင့်ရှောက်ပေးခြင်း၊ မှန်ကန်သောနည်းစနစ်ဖြင့် ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ထုတ်ခြင်းစသော လုပ်ငန်းဆောင်တာ ကိစ္စရပ်များ အားလုံးပါဝင်သည်။



