လူမှုရေး

ယဉ်ကျေးမှုသည် ကိုယ်ပိုင်အလှတရား

 

သီဟစည်သူ

ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ အမျိုးသားယဉ်ကျေးမှုဂုဏ်သိက္ခာနှင့် တန်ဖိုးကို အလေးထားမြတ်နိုးပြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်အောင် လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ရေး ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

အွန်လိုင်းပေါ်မှ လိမ်လည်မှုတွေ၊ လောင်းကစားမှုတွေ သတိထားပါ

 

ကိုရေချမ်း

သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာတွေ အားကောင်းလာတဲ့ခေတ်ကာလမှာ ကောင်းကျိုးတွေနဲ့အတူ ဆိုးကျိုးတွေပါလာတတ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုးတွေကြောင့် အမှန်တရားတွေ တိမ်သလာဖုံးသလို အမှန်ကို ရှာရ ဖွေရခက်လာတတ်ပါတယ်။ ဒါကြောင့်လည်း ‘အမှန်တရားက   ဖိနပ်စီးဖို့ လုပ်နေတုန်း  အမှားက   ကမ္ဘာတစ်ပတ်ပတ်ပြီးပြီ’ လို့      ပြောလာကြပါတယ်။  “ကိုယ့်ရှူးကိုယ်ပြန်ပတ်” ၊    “ကိုယ့်အတတ်ကိုယ် ပြန်စူး” ဆိုသလို  နည်းပညာ တွေ စတင်ဖန်တီးခဲ့တဲ့ နိုင်ငံကြီးတွေဟာလည်း  နည်းပညာကြောင့်ပဲ သူ့နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်လာတာကြောင့် အကာအကွယ်အတားအဆီးတွေ ပြုလုပ်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။

လူငယ်များ ဗလငါးတန်ပြည့်ဝဖို့ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်စို့

 

သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)

လူငယ်ဆိုတာ အပြစ်ကင်းစင်ပြီး တက်ကြွတဲ့သူတွေဖြစ်ပါတယ်။ အရောင်နဲ့တင်စားရရင်တော့ အဖြူရောင်သက်သက်ပါပဲ။ အဖြူရောင်ရဲ့သဘာဝက အစွန်းအထင်းမခံပါဘူး။ အကိုင်အတွယ်မတတ်ရင် ညစ်ပေ လွယ်ပါတယ်။ လူငယ်ဆိုတာလည်း ဒီလိုပါပဲ။ ကိုင်တွယ်ထိန်းသိမ်းမှုကောင်းရင်ကောင်းသလို အင်အားတွေဖြစ်လာပြီး ထိန်းသိမ်းမှု မကောင်းရင် အင်အားတွေ ဆုံးရှုံးရမှာဖြစ်ပါတယ်။ လူငယ်ဆိုတာ နိုင်ငံ့အင်အား ဖြစ်တဲ့အတွက် လူငယ်တွေကို ပြုစုပျိုးထောင် အရောင်တင်ခြင်းဟာ နိုင်ငံတော်တိုးတက်ဖို့ အရေးပါတဲ့ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။
 

Subscribe to လူမှုရေး