အကျိုးရှိထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းဖြင့် အလုပ်ကို အလုပ်နှင့် သက်သေပြရန်
မိုးကေနိုင်
ဒေါက်တာအိလှိုင်းသက်ဇာ
စာရေးသူသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ “အခွန်ထမ်းပြည်သူများ သိထားသင့်သော အခွန်အယူခံခုံအဖွဲ့အကြောင်း” ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ကျရောက်သည့် အခွန်အယူခံခုံအဖွဲ့ရုံး၏ နှစ်နှစ်ပြည့် အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဤဆောင်းပါးတွင် အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ နည်းဥပဒေများနှင့် အခွန်အယူခံခုံအဖွဲ့၏ ကြိုးပမ်းမှုများ၊ အမှုများတင်သွင်းလျှောက်ထားခြင်းနှင့် အခွန်အယူခံခုံအဖွဲ့၏ ဆောင်ရွက်ချက်များကို ဆက်လက်ရေးသားတင်ပြလိုပါသည်။
သိန်းထွန်း (IR)
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အတွက် လေးနက်ထူးခြားသည့် နေ့ထူးနေ့မြတ် ရက်တစ်ရက် ဖြစ်ပါသည်။
အလေးနက်ဆုံးဒေသနာ
သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓတရားတော် ၏ ကျယ်ပြန့်နက်နဲသည့် အဘိဓမ္မာတရားတော် အား မြတ်စွာဘုရားရှင် ဟောကြားပြီးဆုံးသည့် အတွက် အဘိဓမ္မာဒေသနာတော်နေ့လည်း ဖြစ်ပါ သည်။ အဘိဓမ္မာဒေသနာတွင် ပိဋကတ်သုံးပုံ ဖြစ်သည့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတို့ ပါဝင်ပါသည်။ အဘိဓမ္မာတရားသည် မြတ်စွာဘုရားဟောကြား တော်မူခဲ့သည့် တရားတော်များထဲတွင် အထူးခြား ဆုံးနှင့် အလေးနက်ဆုံးဒေသနာ ဖြစ်ပါသည်။
သွယ်ရည်ကို
(သွား/ဆေး)
မောင်လူအေး(ရေစကြို)
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးတက်ဆန်းသစ်သည့်အတွေးအခေါ်ရှိသော၊ နုပျိုတက်ကြွ ၍ အားမာန်အပြည့်ရှိသော၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ မရှိမဖြစ်လိုအပ်ပါသည်။ လူငယ် များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို လွှဲပြောင်း တာဝန်ယူကြရမည်ဖြစ်ပြီး အနာဂတ်ကမ္ဘာ ကို ပုံဖော်ရေးဆွဲကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြပါသည်။
မိုး(MISIS)
သုတေသနစာတမ်းဖတ်ပွဲ ပြုလုပ်ခြင်း
သီဟစည်သူ
မြန်မာ့ယဉ်ကျေးမှုသမိုင်းကို လေ့လာ ကြည့်လျှင် မြန်မာ့ဂီတသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ကျော်ခန့်မှစ၍ ဖြစ်ပေါ်ခဲ့ သည်ဟု ယူဆနိုင်သည်။ ခရစ်နှစ် ၈၀၂ ခု ခန့်က ရေးခဲ့သည့် တရုတ်လူမျိုးတို့၏ မှတ်တမ်းတစ်စောင်အရ မြန်မာ့တူရိယာ နှင့် သီချင်းတို့သည် ထိုခေတ်တွင် ပြေပြစ်ကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရသည်။
လင်းသစ်
ဒွါရာဝတီ ခေါ် သံတွဲမြို့ကို ရခိုင်ရိုးမတောင်စွယ် တောင်တန်းများက ဝိုင်းပတ်ကာရံထားသည်။ မြို့ကိုဝန်းရံထားသည့် ရိုးမတောင်စွယ်တောင်တန်းများပေါ်မှ စီးဆင်းလာသော ချောင်း မြောင်းများ ကလည်း မြို့အနီးမှ ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ မြို့၏အရှေ့မြောက်ဘက်မှ စီးဆင်းနေသော သူဌေးချောင်းရေကို အသုံးပြု၍ ပြည်နယ်အတွက် နိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။
Copyright © 2026. All rights reserved.
News and Periodical Enterprise