တို့ပြည်အခြေခိုင်မြဲ မယိုင်လဲအောင် ပေါင်းရုံးလို့ အားအင်ဖြည့်ကြပါစို့ . . .
ကိုရေချမ်း
ယနေ့ကာလမှာ အခြေအနေအချိန်အခါနဲ့ ကိုက်ညီတဲ့ သီချင်းစာသားတစ်ပိုဒ်ကို သတိရမိပါတယ်။ မူရင်းစာဆို ရွှေတိုင်ညွန့်ရေးစပ်ပြီး ခေတ်ဟောင်း အဆိုတော်ကြီး မေလှမြိုင် သီဆိုထားတဲ့ “ဗမာ့ကြွေးကြော်သံ” သီချင်းမှ သံပြိုင်သီဆိုထားတဲ့ သီချင်းစာသားလေးကို လူလတ်ပိုင်း၊ လူကြီးပိုင်းအရွယ်တိုင်း ကြားဖူးကြမှာဖြစ်ပါတယ်။ ဒီသီချင်းသံလေးကို ကြားလိုက်ရတဲ့အခါတိုင်း နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည်ကို ကာကွယ်လိုစိတ်တွေ နိုးကြား ထက်သန်စေပါတယ်။