လူမှုရေး

အမျိုးသားနေ့နှင့် သမိုင်းသင်ခန်းစာ

 

ဒေါက်တာခင်မောင်ညွန့်

 

ရွှေတိဂုံကုန်းတော်သို့ ဘုရားဖူးရောက်လျှင် စနေ ထောင့်     ညောင်ပင်ကြီးရှေ့၌    ပုံဆန်းဆန်း ကျောက်တိုင်သစ်      တစ်ခုကို   တွေ့ရမည်။ ကျောက်တိုင်ပေါ်ရှိ   မြန်မာစာတန်းကို  ဖတ်လျှင် အောက်ပါအတိုင်း တွေ့ရမည်။

 


ဤနေရာကား မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့က ရန်ကုန် ကောလိပ် ကျောင်းသားကြီး ၁၁ ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဗာစီတီ  အက်ဥပဒေကို  သပိတ်မှောက် ရန်    သစ္စာအဓိဋ္ဌာန်ပြုသော    နေရာပေတည်း။ ကျောင်းသားကြီး     ၁၁  ဦး၏       အမည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

 

တူကာနွှဲပျော် တန်ဆောင်တိုင်ပွဲတော်

တန်ဆောင်မုန်းလသည်  မိုးအကုန်  ဆောင်းအကူး     ကြားကာလ ဖြစ်သည်။ ရာသီဥတုသည်   ပုံမှန်အားဖြင့်   သာသာယာယာရှိသည်။ ကောင်းကင်၌  မိုးတိမ်ကင်းစင်သဖြင့်  ကျေးလက်တောရွာများတွင် ညအချိန်၌ ကြည်လင်တောက်ပသောလရောင်ကို အပြည့်အဝခံစားခွင့် ရရှိသလို အနည်းငယ်လည်း  အေးစိမ့်လာပြီဖြစ်သည်။  နံနက်စောစော လမ်းလျှောက်သည့်အခါ  စိမ်းစိုသောမြက်ခင်းပြင်ပေါ်တွင်    ဖြူဖြူ ဖွေးဖွေး ဆီးနှင်းစက်လေးများကို မြင်တွေ့ရသည်မှာ ကြည်နူးဖွယ် ရာပင်ဖြစ်သည်။     လမ်းလျှောက်ရင်း     သန့်ရှင်းလတ်ဆတ်သော ဆောင်းလေအေးအေးကို   ရှူရှိုက်ရသည့်အခါ    ပိုမိုလန်းဆန်း တက်ကြွလာစေပါသည်။ 

ဝါးကို အပူပေး ဆေးစိမ်ခြင်းဖြင့်  နှစ်ရာချီအသုံးပြုနိုင်

 

လူတို့သည် ဝါးကို ရှေးယခင်ကတည်းက အမျိုးမျိုးအဖုံဖုံအသုံးပြုကြသည်။ သို့သော် ဝါးသည် ပိုးထိုးလွယ်ခြင်း၊ မှိုတက်ခြင်း၊ ဆွေးမြည့်လွယ်ခြင်းတို့ကြောင့် ပရိဘောဂနှင့် အိမ်ဆောက်ရာတွင် ကြာရှည်မခံ၍အသုံးပြုမှုနည်းကြသည်။ ယနေ့ခေတ်တွင် ပရိဘောဂနှင့်  လူနေအိမ်အဆောက်အအုံများတွင်  ဝါးကို တွင်တွင်ကျယ်ကျယ်  အသုံးပြု လာကြသည်ကို  တွေ့ရသည်။

ခရီးသွားလုပ်ငန်း  ပြန်လည်စတင်သည်  ဆိုရာဝယ် . . . 


 

စည်သူကျော်

 

 “အာရောဂျံ၊ ပရမံ၊ လာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပင်ဖြစ်သည်။ ကျန်းမာသုခဆုံးရှုံးခြင်းသည် အရာအားလုံးဆုံးရှုံးခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် လာဘ်ကြီးတစ်ပါးဖြစ်သော ကျန်းမာခြင်း သုခကို ဂရုဓမ္မကြီးစွာ ထိန်းသိမ်းစောင့်ရှောက်အပ်လှသည်။ 

သူရဲကောင်းကြွက်ကလေး မီဂါဝါ

 

ဒေါက်တာမြင့်သန်း- ညောင်လေးပင်

 

(Megawa) မီဂါဝါလို့ အမည်ပေးထားတဲ့ အသက် ခုနစ်နှစ်ရှိ ကြွက်ကလေးတစ်ကောင်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကို  ငါးနှစ်တာ  အနံ့ခံရှာဖွေပေးခဲ့ပါတယ်။ သူ့ကို  အခုတော့  အနားပေးလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ မီဂါဝါဟာ ၁၄၁၀၀၀ ကုဗမီတာ (၁ ဒသမ ၅ သန်း စတုရန်းပေ)ခန့် အကျယ်အဝန်းရှိ မိုင်းကွင်းမှာ မိုင်းများကို အနံ့ခံရှာပေးခဲ့ပါတယ်။ ဒီအကျယ်အဝန်းဟာ ဘောလုံးကွင်း၂၀  နဲ့ တူပါတယ်။ မြေမြုပ်မိုင်း ၇၁ လုံး၊ မပေါက်ကွဲသေးတဲ့ လက်နက်ကိရိယာ ၃၈ မျိုးတို့ကို အနံ့ခံ ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။

 

ကမ္ဘောဇဌာနီမှ တန်ဆောင်တိုင်ဆီသို့

 

သိန်းထွန်း (IR)

 

အရှေ့တောင်ကြောဘက်ဆီမှ တိုက်ခတ်လာသော ထင်းရှူးရနံ့လေအေးတို့သည် လူအုပ်အကြားသို့ ဖြန့်ကြက်တိုးဝှေ့နေသည်။ လတ်ဆတ်သော  ထင်းရှူးရနံ့လေအေးကြောင့်  ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွား၏။ လူအုပ်ကြားတိုးဝှေ့နေစဉ်က သတိမထားမိသော  လေအေးကို  လူအုပ်နှင့်လွတ်ကင်းချိန်မှ   အားရပါးရရှူမိသည်။   စိတ်ရောကိုယ်ပါ   အေးချမ်းသွားတော့၏။ စိတ်အေးချမ်းသွားမှ ဝန်းကျင်ပတ်လည်ကို မျှော်ကြည့်လိုက်တော့ မြင်မြင်သမျှသည် လူပင်လယ်ကြီးပမာ။ အဆုံးအစ ကလနားသတ်ကိုမမြင်ရ။ ထိုအထဲတွင် အများသူငါလို မိမိသည်လည်း စီးမျောလျက်ရှိနေ၏။

 

Subscribe to လူမှုရေး