ပြည်ထောင်စုမျှော်လင့်ချက်နှင့် အပြန်အလှန်အကျိုး
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုဂုဏ်ပြုဆောင်းပါး
ဇင်ငြိမ်း
စိန်ရတုပြည်ထောင်စုနေ့
မိမိတို့နိုင်ငံ၏ ပြည်ထောင်စုနေ့သည် ပင် စိန်ရတုတိုင်လေပြီ။ ပြည်ထောင်စုနေ့ ဆိုသည့် ရက်စွဲကာလ အပိုင်းအခြား တစ်ရပ် စိန်ရတုတိုင်ခဲ့သော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံဆိုသည့် အမိ နိုင်ငံတော်အတွင်း ဤမြေ၊ ဤရေ၊ ဤ တိုင်းရင်းသားအပေါင်းဖြင့် စုစည်းနေထိုင် နေကြသည်မှာ ထိုထက်ပင်ပိုပါသည်။