စီးပွားရေး
ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့
ဗညားဦး
“ရွှေချည်၊ ငွေချည်” ဟု တင်စားသည့် မြန်မာ့ဝါသည် စိုက်ပျိုးတောင်သူများကို အကျိုးပြုလျက်ရှိသည့် ဝင်ငွေရ သီးနှံတစ်ခု။ စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံအတွက် ဝါသည် ပြည်ပသို့တင်ပို့ခြင်း ဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် သီးနှံတစ်ခုလည်း ဖြစ်သည်။ လက်ရှိကမ္ဘာ့အထည်အလိပ်ဈေးကွက်ရှိ အထည်အလိပ် အမှတ်တံဆိပ်များသည် သဘာဝပတ်ဝန်းကျင်မပျက်စီးစေဘဲ စိုက်ပျိုးထားသည့် အော်ဂဲနစ် ဝါဂွမ်းများကို ပိုမိုတောင်းဆိုကြချိန် ဖြစ်သည့်အတွက် မြန်မာ့ဝါအတွက် အလားအလာ ကောင်းများစွာရှိနေသည်။ ထို့ကြောင့် ပြည်ပပို့ကုန်သီးနှံ မြန်မာ့ဝါဖွံ့ဖြိုးမှုအတွက် ရှေ့တစ်လှမ်း တက်ရမည့်အချိန်အခါ ဖြစ်လာသည်။
မိုးရာသီကာလအတွင်း ရော်ဘာစိုက်ခင်းပြုစုထိန်းသိမ်းခြင်းနှင့် မိုးကာအုပ်အစေးခြစ်ခြင်း
တေဇာဝင်း (နှစ်ရှည်ပင်သုတေသန)
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များ ပို့ကုန်ကဏ္ဍတွင် ရော်ဘာသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် တင်ပို့ရောင်းချခြင်းလုပ်ငန်းသည် အဓိကကျသော ပို့ကုန်ကဏ္ဍတစ်ခုဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသော ရော်ဘာသီးနှံသည် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး ရာသီဥတုအခြေအနေအပေါ်မူတည်၍ စနစ်တကျပြစုစောင့်ရှောက်ရန် လိုအပ်သည်။
ဝါအထွက်နှုန်းတိုးတက်ဖို့ ဖြုတ်စိမ်းပိုးကို ဂရုပြုစို့
ဒေါက်တာ ခင်ခင်ကြီး
ကမ္ဘာပေါ်ရှိ ဝါစိုက်ပျိုးသော နိုင်ငံအများစု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဝါစိုက်ပျိုးထုတ်လုပ်မှုအပေါ်တွင် များစွာမူတည်နေသည်။ ဝါထွက်ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ဝါသီးနှံတွင် ပိုးမွှားများမြောက်မြားစွာ ကျရောက်ခြင်းကြောင့်ဖြစ်သည်။
တောင်သူစိုက်ပျိုးသီးနှံများအတွက် တစ်ဧကအမြတ်ပိုရခြင်းနှင့် တစ်ဧကအထွက်တိုးမှု နှိုင်းယှဉ်ချက်များ(အပိုင်း-၂)
မောင်ပြေ(ဆင်ပေါင်ဝဲ)
ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ဧရိယာတစ်ခုလျှင် အမြတ်ပိုတိုးလာခြင်းသည် စိုက်ဧရိယာတစ်ခုလျှင် အထွက်နှုန်းပိုတိုးလာခြင်းထက် ပိုမိုအရေးကြီးသည်ဟု ယေဘုယျအားဖြင့် သတ်မှတ်ကြပါသည်။ သို့သော် အကောင်းဆုံးစိုက်ပျိုးရေးစနစ်မှာ “အမြတ်” နှင့် “အထွက်နှုန်း” နှစ်ခုလုံးကို မျှတစွာထိန်းထားနိုင်ခြင်း ဖြစ်ပါသည်။
အဖြေရှာရန်နှင့် အလေးအနက်စဉ်းစားရန်အတွက် AI ဉာဏ်ရည်တု၏ အကြံပြုမှုက -
လယ်မှာ အပုပ် ယာမှာ အသုတ်
ဒေါက်တာတင်မာမာဦး (DOA)
မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်နေသည့် ကျေးလက်နေပြည်သူများမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး လယ်ယာလုပ်ငန်းများကို အောင်မြင်စွာလုပ်ဆောင်နိုင်ရေး၊ စိုက်ပျိုးသီးနှံများ လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးမှာ လွန်စွာအရေးကြီးပါသည်။
- Read more about လယ်မှာ အပုပ် ယာမှာ အသုတ်
- Log in to post comments
နိုင်ငံ့စီးပွားရေးအင်အားစုဖြစ်သည့် MSME များ၏ အရေးပါမှု
နိုင်ငံ့စီးပွားရေးအင်အားစုဖြစ်သည့် MSME များ၏ အရေးပါမှု
ကိုချင်း
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီစိုက်ပျိုးမွေးမြူရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်ခြင်း
အိ(Hist)
စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် မိမိတို့နိုင်ငံ၏ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမဏ္ဍိုင်ကြီးဖြစ်ရုံမျှမက ပြည်သူလူထုတစ်ရပ်လုံး၏ စားရေရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနေသည့် အခြေခံအကျဆုံး အသက်သွေးကြောပင် ဖြစ်ပါ သည်။ နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကို လှမ်းကိုင်နိုင်ရန်အတွက် ရိုးရာစိုက်ပျိုးမွေးမြူရေးစနစ်များမှသည် ခေတ်မီနည်းပညာများ အသုံးပြုသည့် စီးပွားဖြစ် ကုန်ထုတ်လုပ်မှု စနစ်သို့ ကူးပြောင်းရန်မှာ အရေးကြီးသော လိုအပ်ချက်တစ်ခု ဖြစ်လာပါသည်။
ကုန်သွယ်မှုကိုဖော်ဆောင်ဖို့ ဇုန်နှင့် Compartment များ တည်ထောင်စို့
အောင်ငြိမ်းချမ်း(မွေး/ကု)
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကဏ္ဍတွင် နိုင်ငံဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများပြန့်ပွားမှုက စီးပွားရေးနှင့် စားရေရိက္ခာဖူလုံမှုကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိပါသည်။ ထို့ကြောင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(WOAH) အနေဖြင့် ရောဂါဘေးကင်းပြီး ကုန်သွယ်မှုမပြတ်တောက်စေရန် သိပ္ပံနည်းကျ စံနှုန်းများကို ချမှတ်ပေးထားပြီး ယင်းစံနှုန်းများထဲတွင် အရေးကြီးဆုံးလမ်းညွှန်ချက်များမှာ ဇုန်ခွဲခြားခြင်း (Zoning)နှင့် ဇီဝလုံခြုံမှုအခြေပြု ရောဂါကင်းစင်သည့် သီးခြားမွေးမြူရေးလုပ်ငန်းစု/ ခြံ(Compartment)တို့ပင်ဖြစ်သည်။