အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍ
အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်း၏ နယ်ပယ်အားလုံးတွင် ဆိုးရွားသောသက်ရောက်မှုများ ဖြစ်ပေါ်စေပြီး ဒီမိုကရေစီစနစ်နှင့် တရားဥပဒေစိုးမိုးရေးကို အနှောင့်အယှက် အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အရည်အသွေးကျဆင်းစေခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေခြင်း၊ ဈေးကွက်စီးပွားရေးစနစ်များကို ပျက်ယွင်းစေခြင်းနှင့် အုပ်စုဖွဲ့ပြစ်မှုကျူးလွန်ခြင်းများ ဖြစ်ပေါ်စေခြင်း စသည့်ဆိုးကျိုးများကို ဖြစ်စေပါသည်။ အဂတိ လိုက်စားမှုများကို အချိန်မီတားဆီးကာကွယ်ခြင်းဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာကာ အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှု ပိုမိုခိုင်မြဲ လာပြီး ဒီမို