
နေပြည်တော် ဇူလိုင် ၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် ဖိုးဇောင်တောင် ကြိုးဝိုင်း(၃)၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပိတောက်ပင် ကို စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးက ကျွန်းပင်၊ အမြဲတမ်းအတွင်းဝန်က ပျဉ်းကတိုးပင်တို့ကို စိုက်ပျိုး ကာ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် အရာထမ်း၊ အမှုထမ်းများက စိုက်ကွက် ဧရိယာ နှစ်ဧကအတွင်းရှိ သတ်မှတ်နေရာ အသီးသီးတွင် အဖိုးတန်သစ်မျိုးများဖြစ်သော ပိတောက်၊ မဟော်ဂနီ နှင့် အရိပ်ရလေကာ ကြီး/မြန် သစ်မျိုးများဖြစ်သည့် ယင်းမာ၊ မန်ဂျန်ရှား၊ ပန်းမဲဇလီ စသည့် သစ်မျိုး များအပါအဝင် အပင်ပေါင်း ၁၀၀၀ စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည် သစ်ပင်စိုက်ပျိုးမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်အတွင်း နေပြည်တော်-တပ်ကုန်း အမှတ် (၁) လမ်းတစ်လျှောက် ခွာညိုပန်းအဝိုင်းမှ သတ္တသတ္တာဟဘုရားအထိ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ကြီးများဖြင့် တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးထားရှိမှု၊ ၂၀၁၁ ခုနှစ် လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ သစ်မျိုးစုံ စိုက်ခင်း ၁ ဒသမ ၅ ဧကတွင် ပင်ပူးခွာခြင်း၊ ကိုင်းချိုင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ကားလမ်းဘေး ဝဲ/ယာရှိ စိမ်းလန်းစိုပြည်ရေးအတွက် တစ်အုပ်တစ်မ သစ်ပင် ဆက်လက်စိုက်ပျိုးသွားမည့် နေရာများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်