သဝဏ်လွှာများအပြန်အလှန်ပေးပို့

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံတို့အကြား 
သံတမန်ဆက်သွယ်မှုထူထောင်သည့် (၇၅) နှစ်ပြည့် စိန်ရတုအခါသမယအား ဂုဏ်ပြုသောအားဖြင့် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
သီရိလင်္ကာနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများအပြန်အလှန်ပေးပို့

 

နေပြည်တော်  ဇွန်  ၇
၂၀၂၄ ခုနှစ်  ဇွန်လ ၇ ရက်နေ့တွင်ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတ နိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၇၅) နှစ်ပြည့် စိန်ရတုအခါသမယအား    ဂုဏ်ပြုသောအားဖြင့်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည်       သီရိလင်္ကာနိုင်ငံသမ္မတ   မစ္စတာရာနေးလ် ဝစ်ခ်ရီမီဆင်းဟီနှင့်လည်းကောင်း၊    သီရိလင်္ကာနိုင်ငံ    ဝန်ကြီးချုပ် မစ္စတာဒင်းနစ်  ဂူနာဝါဒီနာနှင့်လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန်ပေးပို့ခဲ့ကြသည်။ သတင်းစဉ်