သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

 

နေပြည်တော်  နိုဝင်ဘာ  ၁၀


သုတဝေဖြာသီရိဂေဟာ    မိသားစုပြိုင်ပွဲ    အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၀) ကို နိုဝင်ဘာ ၁၂ ရက် ညနေတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။ 

 


အဆိုပါ ပွဲစဉ်(၄၀)၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ စိုးသီဟနှင့် ဂျေနော်တို့က တင်ဆက်ကြမည် ဖြစ်ပြီး မိသားစု လေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲ များကို  နိုဝင်ဘာ (၁၂၊ ၁၃ ၊ ၁၄ ) ရက် များတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏  ညနေ ၆ နာရီ  သတင်းအပြီး၌  ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။                                              

သတင်းစဉ်