
နေပြည်တော် ဇူလိုင် ၁
သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၂၁)ကို ဇူလိုင် ၂ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည် ဖြစ် သည်။
အဆိုပါ ပွဲစဉ်(၂၁)၏ COVID- 19 ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို အစီအစဉ် တင်ဆက်သူ ထူးပြည့်အောင် နှင့် မိုးဂျူလိုင်တို့က တင်ဆက် ကြမည်ဖြစ်ပြီး မိသားစုလေးစု ဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည် ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇူလိုင် ၂ ၊ ၃ နှင့် ၄ ရက်တို့တွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်