သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မော်ဒယ်သရုပ်ဆောင်များနှင့်အတူ လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်  ဒီဇင်ဘာ ၁၅


သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာ ပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၅)ကို ဒီဇင်ဘာ ၁၇ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။ 

 


အဆိုပါ  ကိုဗစ်-၁၉  ဆိုင်ရာ  အသိပညာပေး အစီအစဉ်ကို   သရုပ်ဆောင်   စိုးသီဟနှင့်  မော်ဒယ် ဂျေနော တို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော် အသင်းနှင့်    ကိုလူချောတို့အဖွဲ့မှ  မိသားစုများက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ     ယင်းပြိုင်ပွဲများကို ဒီဇင်ဘာ (၁၇ ၊ ၁၈ ၊ ၁၉)  ရက်နေ့များတွင်  မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်း အပြီး၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။                                     

သတင်းစဉ်