
နေပြည်တော် နိုဝင်ဘာ ၁၁
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ် (Family Quiz) ပွဲစဉ် (၄၀) ကို နိုဝင်ဘာ ၁၂ ရက် ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်(၄၀)၏ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို အစီအစဉ်တင်ဆက်သူ မော်ဒယ်သရုပ်ဆောင် စိုးသီဟ နှင့် ဂျေနော တို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချော တို့အဖွဲ့မှ မိသားစုများက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲ များကို နိုဝင်ဘာ (၁၂ ၊ ၁၃ ၊ ၁၄) ရက်နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်