သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ်၊ လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်   ဇန်နဝါရီ   ၅


သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ  အသိပညာပေးအစီအစဉ်  (Family Quiz)   ပွဲစဉ်(၄၈) ကို  ဇန်နဝါရီ ၇ ရက်နေ့တွင် မြန်မာ့ အသံနှင့်      ရုပ်မြင်သံကြားမှ ဆက်လက်   ထုတ်လွှင့်မည်ဖြစ် သည်။

 


       အဆိုပါ ပွဲစဉ် (၄၈)၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး အစီ အစဉ်ကို   တေးသံရှင်   ရဲထိုက်  နှင့်  MRTV မှ  သဲဆုဇော်တို့က တင်ဆက်ကြမည်ဖြစ်ပြီး   လူရွှင် တော်အသင်းနှင့်  ကိုလူချောတို့ အဖွဲ့မှ    မိသားစုများက   ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ       ယင်း ပြိုင်ပွဲများကို ဇန်နဝါရီ ၇ ၊ ၈၊ ၉ ရက်နေ့များတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ  ၆  နာရီ      သတင်းအပြီး  တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်