သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (၉) ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနား ကျင်းပ

 

ကမ္ဘာ့အဆင့်နိုင်ငံများအကြား ကုန်သွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့် နည်းပညာဖလှယ်မှုများနှင့် ဆန်းသစ်တီထွင်မှုများ မြှင့်တင်ရာတွင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၏ အဓိကအခန်းကဏ္ဍကို အသိအမှတ်ပြု

နေပြည်တော် အောက်တိုဘာ ၁၄


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ (၉) ကြိမ်မြောက် “ကမ္ဘာ့စံချိန် စံညွှန်းနေ့အခမ်းအနား  ၂၀၂၁” ကို  ယနေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 


အသိအမှတ်ပြု


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ကမ္ဘာ့စံချိန်စံညွှန်းနေ့ အခမ်းအနား ကို ၁၉၇၀ ပြည့်နှစ်၊     အောက်တိုဘာ  ၁၄ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပြီး အပြည် ပြည်ဆိုင်ရာ   စံချိန်စံညွှန်းအဖွဲ့ (International Organization     for   Standardization-ISO) ၊ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်နည်းပညာကော်မရှင် (International Electro technical Commission- IEC) နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးသမဂ္ဂ (International Telecommunication Union-ITU) စသည့်အဖွဲ့အစည်းတို့မှ ထုတ်ဝေသည့် အပြည်ပြည် ဆိုင်ရာစံချိန်စံညွှန်းများ အရေးပါပုံကို မီးမောင်းထိုးပြ  နိုင်ရန်၊ ကမ္ဘာ့အဆင့်နိုင်ငံများအကြား ကုန်သွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့် နည်းပညာဖလှယ် မှုများနှင့် ဆန်းသစ်တီထွင်မှုများ  မြှင့်တင်ရာတွင် အပြည်ပြည်ဆိုင်ရာ   စံချိန်စံညွှန်းများ၏ အဓိက အခန်းကဏ္ဍကို   အသိအမှတ်ပြုရန်၊   နိုင်ငံတကာ၊ ဒေသတွင်းနှင့် အမျိုးသားအဆင့် စံသတ်မှတ်ချက် များတွင်  ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသည့် စံချိန်စံညွှန်း  သတ်မှတ်ခြင်းဆိုင်ရာ နယ်ပယ်များတွင် တာဝန်ယူ ဆောင်ရွက်နေသော ပညာရှင်များနှင့်  ကျွမ်းကျင် ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ် ပြုရန်၊   ကုန်စည်ဝန်ဆောင်မှုများနှင့်   ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရန်နှင့်   စံချိန်စံညွှန်းများဖြင့်  ကိုက်ညီစွာထုတ်လုပ်ရာတွင်        ပညာရှင်များ၏ ကြိုးပမ်းမှုရလဒ်များကို ချီးကျူးရန်အတွက် ကျင်းပ ခြင်းလည်း ဖြစ်ပါကြောင်း။

 


ယခုနှစ်   ကမ္ဘာ့စံချိန်စံညွှန်းနေ့  အခမ်းအနား အတွက် ရွေးချယ်ခဲ့သည့် ဆောင်ပုဒ်မှာ “ပိုမို ကောင်း မွန်သောကမ္ဘာကြီးအတွက်      အမြင်မျှဝေခဲ့ခြင်း” (Shared  Vision for a Better World)   ဖြစ်ပြီး ဤဆောင်ပုဒ်အရ ပိုမိုကောင်းမွန်သော၊ တရားမျှတ၍  ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော   ကမ္ဘာတစ်ခု ရရှိရန်မျှော်မှန်း၍ ပျော်ရွှင်နိုင်ပြီး အနာဂတ်မျိုးဆက် များအတွက်    ကာကွယ်ပေးသော  ကမ္ဘာကြီးအား တည်ဆောက်ရန်   (Standards for SDGs)   အရ ရည်ရွယ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 


ရှင်းလင်းပြောကြား


ထို့နောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနား ဗီဒီယိုပြသပြီး  သုတေသနနှင့်  တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေး ဌာနနှင့် နည်းပညာဆပ်ကော်မတီတို့မှ ကိုယ်စား လှယ်များက       အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍ၊   စံချိန်စံညွှန်းဖွံ့ဖြိုး တိုးတက်စေရေးဆိုင်ရာ ပြည်တွင်းပြည်ပ ပူးပေါင်း  ဆောင်ရွက်ချက်များနှင့် နည်းပညာဆပ်ကော်မတီ များ၏    စံချိန်စံညွှန်း   ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်ချက်များကို       ရှင်းလင်းပြောကြား သည်။

 


အခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီ ဝင်များ၊ စံချိန်စံညွှန်း ရေးဆွဲရေး နည်းပညာဆပ်ကော် မတီများမှ   ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊  မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်  များအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာအသင်းအဖွဲ့များမှ ကျွမ်းကျင် ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်